အမေ့ခံအတိတ်
အင်္ဂလန်မှ မြန်မာတန်း၊ ၁၉၂၄-၁၉၂၅ခုနှစ်  ဗြိတိသျှအင်ပါယာပြပွဲကြီး
event_note ခေတ်ကာလများပြပုံ

၁၉၂၄ - ၁၉၂၅

အင်္ဂလန်မှ မြန်မာတန်း၊ ၁၉၂၄-၁၉၂၅ခုနှစ် ဗြိတိသျှအင်ပါယာပြပွဲကြီး

room United Kingdom

Read in English

၁၉၂၄ - ၁၉၂၅ ခုနှစ် ဗြိတိသျှအင်ပါယာပြပွဲကြီးသည် ကမ္ဘာပေါ်တွင် ကျင်းပခဲ့ဖူးသည့် ပြပွဲများအနက်မှ အကြီးမားဆုံးသောပြပွဲကြီး ဖြစ်ခဲ့သည်။ (လန်ဒန်မြို့ - London အနီးတွင် တည်ရှိသော) ဝမ်ဘလီ (Wembley) သို့ ပြပွဲကို ကြည့်ရှုရန် လူပေါင်း ၂၇ သန်းကျော် လာရောက်ခဲ့သည်။ မြေဧက ရာပေါင်းများစွာကို နေရာယူထားသော ထိုပြပွဲကြီးတွင် အင်ဂျင်နီယာ၊ ကဗျာ၊ ဂီတ၊ အကစသည့် ဖန်တီးမှုအနုပညာနှင့် စက်မှုလက်မှုလုပ်ငန်းများကို အထူးပြုတင်ဆက်ထားသော "နန်းတော်ကြီး"များ ရှိသည်။ ထို့ပြင် ဗြိတိသျှအင်ပါယာ လက်အောက်ရှိ နိုင်ငံအသီးသီးကိုလည်း ပြသထားသော "မဏ္ဍပ်"များလည်း ပါဝင်ခဲ့သည်။ သြစတြေးလျ (Australia)၊ ကနေဒါ (Canada) နှင့် အိန္ဒိယ (India) တို့၏ မဏ္ဍပ်များမှာ အကြီးမားဆုံးဖြစ်ပြီး မြန်မာ၊ နယူးဇီလန် (New Zealand)၊ မာလာယု (Malaya)၊ တောင်အာဖရိက (South Africa) တို့၏ မဏ္ဍပ်များမှာမူ ဒုတိယအကြီးဆုံး ဖြစ်သည်။ မြန်မာပြည် ကိုယ်စားပြုမဏ္ဍပ်ကို ဦးတင်က တစ်စိတ်တစ်ပိုင်း ဒီဇိုင်းဆွဲခဲ့သည်။ နောက်ပိုင်းတွင် ဦးတင်သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့ အဆောက်အဦ (မြို့တော်ခန်းမ)နှင့် မြို့မကျောင်းကို ဒီဇိုင်းဆွဲရာတွင် ပါဝင်ကူညီခဲ့သည်။ အတွင်းပိုင်းတွင် နိုင်ငံတစ်ဝန်းမှ မြန်မာလက်မှုအနုပညာပစ္စည်းများကို နမူနာပြထားသလို ဗေဒင်ဆရာ မောင်ကင်းမှအစ ခြင်းလုံးကစားသမား မောင်ပေါ်လောအထိ မြန်မာလူမျိုးပေါင်းစုံကိုလည်း ပြသခဲ့သည်။ အနီးမြင်ကွင်းတွင် ကုန်းဘောင်ခေတ်က အသုံးပြုခဲ့သည့် မြန်မာ့ရိုးရာ ဒေါင်းအလံရှိသည်ကို သတိထားကြည့်ပါ။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်

© LostFootSteps 2025. All rights reserved.