အမေ့ခံအတိတ်
အမေ့ခံအတိတ်
လျှို့ဝှက်ဆန်းကြယ်သော မြန်မာမင်းသားတစ်ပါး?
event_note ခေတ်ကာလများပြပုံ

၁၉၀၂ - ၁၉၂၂

လျှို့ဝှက်ဆန်းကြယ်သော မြန်မာမင်းသားတစ်ပါး?

room United Kingdom

Read in English

ဖော်ပြပါဓာတ်ပုံသည် လန်ဒန်မြို့ရှိ အမျိုးသားဓာတ်ပုံပြခန်းမှ ဖြစ်သည်။ ထိုပြခန်းတွင် ပြသခံခဲ့ရသည့် မြန်မာလူမျိုး အနည်းငယ်သာ ရှိခဲ့သည်။ ပုံပါပုဂ္ဂိုလ်ကို မင်းတုန်းမင်း၏ မြစ်တော်တစ်ဦး မင်းသား မောင်မောင်ကြီး အဖြစ် စာရင်းသွင်းထားသည်။ အခြားတစ်နေရာတွင် သီပေါမင်း၏ မြေးတော် အဖြစ် စာရင်းသွင်းထားသည်ကို တွေ့ရသည် (ထိုကဲ့သို့ မဖြစ်နိုင်)။ သူ၏ ဖခင်မှာ မင်းသား မောင်မောင်ဦးဟု ဆိုသော်လည်း (မင်းတုန်းမင်း၏ သားတော် ဖြစ်သည့်) အဘိုး၏ အမည်ကို ‘မသိရှိပါ’ ဟု ရေးသားထားသည်။ 

၁၉၀၂ ခုနှစ်တွင် ဖွားမြင်သည်ဟု ယူဆရသည့် ထိုမင်းသားသည် ၁၉၂၂ ခုနှစ်တွင် အရှုပ်တော်ပုံတစ်ခုတွင် ပါဝင်ပတ်သက်ခဲ့သည်။ ထိုအချိန်တွင် သူသည် လန်ဒန်မြို့၌ အင်ဂျင်နီယာ ကျောင်းသားတစ်ယောက် ဖြစ်ပြီး ဝင်ဘလီတန် (Wimbledon) ရှိ ဆေးလ်ဗီယာ ရှားလော့ ဟယ်လန်ဖို့ (Sylvia Charlotte Helen Forde) အမည်ရှိ အမျိုးသမီးနှင့် စေ့စပ်ကြောင်းလမ်းခဲ့သည်။ စင်ကာပူနိုင်ငံတွင် ၁၉၂၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့က ထုတ်ဝေသည့် စထရိတ်တိုင်းမ်း သတင်းစာ (The Straits Times) တွင် ဗြိတိန်နိုင်ငံ အိမ်ထောင်စု မှတ်ပုံတင်စာရင်းဌာနမှ လက်ထပ်ပွဲကို ဟန့်တားရန် ကြိုးပမ်းခဲ့ကြောင်း သတင်းပါလာသည်။ အခြား သတင်းတစ်ပုဒ်တွင် မင်းသားသည် အသက် ၂၁ နှစ်အောက် ဖြစ်ပြီး မိဘများ၏ ခွင့်ပြုချက် မရရှိသောကြောင့်ဟု ရေးသားထားသည်။ ထို့နောက်ပိုင်း ထိုပဟေဠိဆန်သော မင်းသား အကြောင်းကို မသိရတော့ပဲ အထင်ရှားဆုံး သဲလွန်စ အဖြစ် အမျိုးသား ဓာတ်ပုံပြခန်းမှ ဖော်ပြပါ ဓာတ်ပုံတစ်ခုသာ ကျန်ခဲ့ပေတော့သည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်