အမေ့ခံအတိတ်
အမေ့ခံအတိတ်
"အမိကလေး"
event_note ခေတ်ကာလများပြပုံ

၁၈၅၅

"အမိကလေး"

people King Mindon Sir Arthur Phayre Colesworthy Grant

Read in English

၁၈၅၅ ခုနှစ်က ဗြိတိသျှလူမျိုး ကိုးလ်စ်ဝါ့သီဂရန့် (Colesworthy Grant) က ရေးဆွဲခဲ့သော “အမိကလေး” ၏ ရေဆေးပန်းချီ ဖြစ်သည်။ အမိကလေးသည် ပြည်မြို့ စစ်ကဲကြီး (မြန်မာဘုရင်များ လက်ထက်က တပ်တစ်စု၏ ဒုတိယခေါင်းဆောင်) ၏ သမီးငယ် ဖြစ်သည်။ ကိုးလ်စ်ဝါ့သီဂရန့်သည် ၁၈၅၅ ခုနှစ်က အမရပူရ နေပြည်တော်နှင့် မင်းတုန်းမင်း၏ နန်းတော်သို့ ရောက်ရှိလာသော ဆာအာသာဖယ်ရာ (Sir Arther Phayre) ခေါင်းဆောင်သည့် သံအဖွဲ့နှင့် အတူ လိုက်ပါလာသော ပန်းချီဆရာ ဖြစ်သည်။ ရန်ကုန်မြို့မှ အမရပူရ နေပြည်တော်သို့ အသွားတွင် ပြည်မြို့ ၌ ခရီးတစ်ထောက်နားခဲ့ခြင်း ဖြစ်သည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်