အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၉၄၉ ခုနှစ်က အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲ
event_note ခေတ်ကာလများပြပုံ

၁၉၄၉

၁၉၄၉ ခုနှစ်က အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲ

room Myanmar

Read in English

၁၉၄၉ ခုနှစ်က အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲ တစ်ခုကို ဆူးလေဘုရားလမ်းနှင့် မောင်ဂိုမာရီလမ်း (ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်း) ထောင့်တွင် တွေ့ရပုံ ဖြစ်သည်။ ထိုစဉ်က အစိုးရ အာဏာသက်ရောက်မှုသည် ရန်ကုန်မြို့တွင်သာ ရှိနေပြီး တစ်နိုင်ငံလုံးနီးပါး ဗမာ့ကွန်မြူနစ်ပါတီ၊ ယင်းနောက် ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့အစည်းနှင့် အခြားသော လက်နက်ကိုင် အဖွဲ့အစည်းများက ချုပ်ကိုင်ထားသည်။ ပုံ၏ ဝဲဘက်တွင် လမေဆန် ကွန်တီနန်တယ် (Le Maison Continental, နာမည်ကြီး ပြင်သစ်စားသောက်ဆိုင်) ကို တစ်စိတ်တစ်ပိုင်း မြင်ရပြီး ညာဘက်တွင် မြန်မာ့မီးရထားရုံး တွေ့နိုင်သည်။

လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်ကာလ (၁၉၄၅ - ၁၉၅၁) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်