အမေ့ခံအတိတ်
event_note ခေတ်ကာလများပြပုံ

၁၉၃၈

၁၉၃၈ ခုနှစ် မြန်မာပြည်

Read in English

၁၉၃၈ ခုနှစ်က ရိုက်ကူးခဲ့သည့် ရန်ကုန်ဆိပ်ကမ်း၏ ဓါတ်ပုံသည် မုန်တိုင်းဗဟိုချက်တွေ တည်ငြိမ်နေပုံကို ပြနေဟန် ရှိသည်။ ၁၉၃၈ ခုနှစ်က မတည်ငြိမ်မှုများသည် တိုင်းပြည်၏ အနာဂတ်ကိုလည်း လှစ်ဟပ်ပြနေခဲ့သည်။ မြန်မာပြည်တွင် ဒီမိုကရေစီ နည်းလမ်းကျသည်ဟု ထင်ရသော အခြေခံဥပဒေသစ် ဖြစ်ပေါ်လာခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရေး တောင်းဆိုခြင်း၊ နိုင်ငံရေး အရ ပို၍လွတ်လပ်မှု ရှိလာခြင်း၊ အပူတပြင်း ကျင်းပကြသော ရွေးကောက်ပွဲများနှင့် နိုင်ငံရေး အင်အားပြိုင်မှုများ ရှိနေခြင်း၊ "အမျိုးဘာသာ သာသနာကို ကာကွယ်ကြ" ဟုသော ဟစ်ကြွေးသံများ ညံလာခြင်း၊ စီးပွားရေး မတည်ငြိမ်မှုနှင့် ဝင်ငွေ အဆမတန် ကွာဟမှုများ ဖြစ်လာခြင်း၊ မူဆလင်ဘာသာနှင့် ဗုဒ္ဒဘာသာကြားက အဓိကရုဏ်း ဖြစ်ခြင်း၊ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ အကြားရှိ မဟာဗျူဟာကျ နေရာအဖြစ် ပို၍အရေးပါလာခြင်းနှင့် အစွန်းရောက် အမျိုးသားရေးဝါဒ ခေါင်းထောင်လာခြင်း စသည်တို့ ဖြစ်သည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်

© LostFootSteps 2025. All rights reserved.