အမေ့ခံအတိတ်
အမေ့ခံအတိတ်
အိန္ဒိယဝန်ကြီးချုပ် ဂျဝါဟာလာနေရူးနှင့် မြန်မာဝန်ကြီးချုပ် ဦးနု
အိန္ဒိယဝန်ကြီးချုပ် ဂျဝါဟာလာနေရူးနှင့် မြန်မာဝန်ကြီးချုပ် ဦးနု

ညီလာခံ၏ ဧည့်ခံပွဲ
ညီလာခံ၏ ဧည့်ခံပွဲ

ဦးနုနှင့် နေရူးတို့ အင်ဒိုနီးရှားနိုင်ငံ ဝန်ကြီးချုပ် အလီဆာ့စထရုံမိဂျိုဂျိုနှင့် ဆွေးနွေးနေကြစဥ်
ဦးနုနှင့် နေရူးတို့ အင်ဒိုနီးရှားနိုင်ငံ ဝန်ကြီးချုပ် အလီဆာ့စထရုံမိဂျိုဂျိုနှင့် ဆွေးနွေးနေကြစဥ်

တရုတ်ဝန်ကြီးချုပ် ကျိုးအင်လိုင်ကို နေရူး၊ ဦးနုတို့နှင့် တွေ့ရစဥ်
တရုတ်ဝန်ကြီးချုပ် ကျိုးအင်လိုင်ကို နေရူး၊ ဦးနုတို့နှင့် တွေ့ရစဥ်

event_note ခေတ်ကာလများပြပုံ

၁၈ ဧပြီ ၁၉၅၅ - ၂၄ ဧပြီ ၁၉၅၅

၁၉၅၅ ခုနှစ် အာရှ-အာဖရိကန်နိုင်ငံများ၏ ဘန်ဒေါင်းညီလာခံတွင် မြန်မာနိုင်ငံ၏ အခရာကျမှု

room Indonesia

people ဦးနု U Thant Pandit Nehru President Nasser Krishna Menon Sukarno U Thein Sein Chou Enlai

Read in English

၁၉၅၅ ခုနှစ် ဧပြီလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့ အထိ အင်ဒိုနီးရှားနိုင်ငံ (Indonesia)၊ ဘန်ဒေါင်းမြို့ (Bandung) ၌ ပထမဆုံး အာရှ-အာဖရိကန် ညီလာခံကို ကျင်းပခဲ့သည်။ ဘန်ဒေါင်းညီလာခံကို ဦးဆောင်ကျင်းပသူများတွင် မြန်မာနိုင်ငံ အပါအ၀င် ဖြစ်ပြီး  အိန္ဒိယနိုင်ငံ (India)၊ ပါကစ္စတန်နိုင်ငံ (Pakistan)၊ အင်ဒိုနီးရှားနိုင်ငံ (Indonesia) နှင့် စီလုံနိုင်ငံ (Ceylon) တို့လည်း ပါ၀င်သည်။ အနောက်ကမ္ဘာဘက်ခြမ်းမှ မဟုတ်သော လွတ်လပ်ရေး ရပြီးကာစ ၂၉ နိုင်ငံမှ ခေါင်းဆောင်များက တစ်ကမ္ဘာလုံး၏ လူဦးရေထက်၀က်ကျော် ၁.၅ ဘီလီယံထက် မနည်းကို ကိုယ်စားပြုကာ ထိုညီလာခံသို့ တက်ရောက်ခဲ့ကြသည်။ 

ညီလာခံကို အိမ်ရှင် အဖြစ် လက်ခံကျင်းပသော အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဆူကာနို (Sukarno) က ထိုညီလာခံသည် “လူသားသမိုင်းတွင် အသားအရောင်ရှိသူများ - အသားအရောင် ရှိသူများဟု သတ်မှတ်ခံရသူများ - ၏ ပထမဦးဆုံးသော ကမ္ဘာ့တိုက်များဆိုင်ရာ ညီလာခံ” ဖြစ်သည်ဟု ဆိုသည်။ တက်ရောက်လာသော နိုင်ငံအတော်များများသည် ၄င်းတို့၏ ကိုလိုနီနယ်ချဲ့ဟောင်းများကို သွေးမြေကျ တိုက်ပွဲ၀င်ပြီး အောင်ပန်းဆင်ထားသည်မှာ မကြာလှသေး။ ခြားနားသော အနာဂတ်ကို အားလုံးက မျှော်လင့်တောင့်တကြသည်။ စစ်အေးတိုက်ပွဲအတွင်း အမေရိကန် (United States of America) နှင့် ဆိုဗီယက် (Soviet Union) နှစ်နိုင်ငံကြား ညှပ်သွားမည်ကိုလည်း စိုးရိမ်နေကြသည်။ ၁၉၆၀ ပြည့်နှစ်တွင် ဘယ်ဂရိတ်မြို့ (Belgrade) ၌ ဒုတိယအကြိမ် ညီလာခံ ကျင်းပပြီး “ဘက်မလိုက် ကြားနေဝါဒနိုင်ငံများ လှုပ်ရှားမှု”ကို စတင်ခဲ့ကြသည်။

ဘန်ဒေါင်းညီလာခံသို့ တက်ရောက်မည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးနုက ဦးဆောင်သည်။ ဦးနုနှင့် အတူ ညီလာခံ၏ အတွင်းရေးမှူး အဖြစ် တာ၀န်ယူထားသော ဦးသန့်၊ တရားသူကြီး ဦးမြင့်သိန်းနှင့် အခြားသူများလည်း လိုက်ပါခဲ့သည်။

ထိုညီလာခံတွင် ဆိုဗီယက်နှင့် အနောက်တိုင်း နယ်ချဲ့၀ါဒကို ညီတူညီမျှ ရှုတ်ချမည်လားဆိုသည့် ကိစ္စနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှု တစ်ရပ် ဖြစ်ပေါ်ခဲ့သည်။ အိန္ဒိယနိုင်ငံ (India) ကဲ့သို့ အချို့နိုင်ငံများက အနောက်တိုင်းကိုသာ ရှုတ်ချလိုကြသည်။ မြန်မာနိုင်ငံက ပါကစ္စတန်နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့ဘက်မှ နေ၍ ကွန်မြူနစ်တို့ ကျူးကျော် ရန်လာစခြင်းကိုပါ ရှုတ်ချလိုသည်။ မြန်မာနိုင်ငံက တရုတ်နိုင်ငံ (China) ကို ညီလာခံသို့ ပါ၀င်တက်ရောက်ရန် တိုက်တွန်းခဲ့သည်။ အစ္စရေးနိုင်ငံ (Israel) ကိုလည်း တိုက်တွန်းခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။

ပြည်တွင်းပြည်ပ ၁၉၅၀ ပြည့်နှစ်များ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်