အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၉၅၃-၅၅ ခုနှစ်က ပြည်လုံးကျွတ် သန်းခေါင်စာရင်း
event_note ခေတ်ကာလများပြပုံ

မတ် ၁၉၅၃ - ၁၉၅၇

၁၉၅၃-၅၅ ခုနှစ်က ပြည်လုံးကျွတ် သန်းခေါင်စာရင်း

room Myanmar

people ICS U Kyaw Khine Milton Lieberman President Dr. Ba U

Read in English

မြန်မာအစိုးရသည် ၁၉၅၃ ခုနှစ်မှ ၁၉၅၅ ခုနှစ် အတွင်း ပြည်လုံးကျွတ် သန်းခေါင်စာရင်း (လူဦးရေစာရင်း) ကို အဆင့်ဆင့် ကောက်ယူခဲ့သည်။ ဤသည်မှာ လွတ်လပ်ပြီးနောက် ပထမဆုံး ကောက်ယူသည့် သန်းခေါင်စာရင်း ဖြစ်သည်။ နိုင်ငံ၏ မြို့ပြတွင် နေထိုင်သော လူဦးရေကို အပြည့်အဝ ကောက်ခံနိုင်ခဲ့သော်လည်း ကျေးလက်နေ လူဦးရေ၏ ၁၅ ရာခိုင်နှုန်းမျှကိုသာ ကောက်ခံနိုင်ခဲ့ပြီး ၁၉၅၅ ခုနှစ်တွင် လုံခြုံရေးနှင့် ပဋိပက္ခများကြောင့် ပြီးပြည့်စုံအောင် ကောက်ခံနိုင်ခြင်း မရှိခဲ့ပေ။ မှန်းဆလူဦးရေ ၁၉ သန်းတွင် ၅.၆ သန်းကိုသာ ကောက်ခံနိုင်ခဲ့သည်။

သန်းခေါင်စာရင်းဆိုင်ရာ ကော်မရှင်နာမင်းကြီးမှာ အိုင်စီအက်စ် ဦးကျော်ခိုင် ဖြစ်သည်။ ယင်းအား (USAID ၏ အထောက်အပံ့ဖြင့်) ကုလသမဂ္ဂ သန်းခေါင်စာရင်းဆိုင်ရာ အကြံပေး အရာရှိ မစ်လ်တန် လီဘာမန် (Milton Lieberman)က ကူညီခဲ့သည်။ ဖော်ပြပါ ၁၉၅၃ ခုနှစ်က ရိုက်ကူးခဲ့သော ဓာတ်ပုံတွင် ဦးကျော်ခိုင်နှင့် လီဘာမန်တို့က ပထမဆုံး စစ်တမ်းမေးခွန်းကို သမ္မတအိမ်တော်၌ သမ္မတ ဒေါက်တာဘဦးအား မေးမြန်းနေပုံ ဖြစ်ပါသည်။

ပြည်တွင်းပြည်ပ ၁၉၅၀ ပြည့်နှစ်များ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်