အမေ့ခံအတိတ်
အမေ့ခံအတိတ်
ကရင်လူမျိုး နိုင်ငံရေး ခေါင်းဆောင် ဒေါက်တာ စံစီပိုး
event_note ခေတ်ကာလများပြပုံ

၁၈၇၀ - ၁၉၄၆

ကရင်လူမျိုး နိုင်ငံရေး ခေါင်းဆောင် ဒေါက်တာ စံစီပိုး

Read in English

သူ့ခေတ်သူ့အခါက ကရင်လူမျိုး နိုင်ငံရေး ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည့် ဒေါက်တာ စံစီပိုးကို ၁၈၇၀ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့ ပုသိမ်မြို့ အနီးတွင် ဖွားမြင်ခဲ့သည်။ အသက် ၁၄ နှစ် အရွယ်တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်သွားခဲ့ပြီး နောက်ပိုင်းတွင် အယ်လ်ဘန်နီမြို့ (Albany) ၌ ဆေးပညာ သင်ယူခဲ့သည်။ သူသည် ပထမဦးဆုံးသော မြန်မာ-အမေရိကန်လူမျိုး ဖြစ်သည်။ နောက်ပိုင်းတွင် မြန်မာပြည်သို့ ပြန်လာပြီး မြန်မာ့ နိုင်ငံရေးလောကသို့ ဝင်ရောက်ရန် အမေရိကန် နိုင်ငံသား လက်မှတ်ကို စွန့်လွှတ်ခဲ့သည်။ သူသည် စာရေးဆရာ၊ ဆရာဝန်တစ်ဦး ဖြစ်သလို နိုင်ငံရေးသမား၊ ကရင်အမျိုးသားရေး ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။ ဥပဒေပြုကောင်စီတွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် ဆာဘွဲ့ဖြင့် သူကောင်းပြုခြင်း ခံရသည်။ သူ၏ သမီးဖြစ်သူ မစ္စဘမောင်ချိန်သည် ဦးနုအစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ် နှစ်အတော်ကြာ ဆောင်ရွက်ခဲ့သည်။ 

ဖော်ပြပါဓာတ်ပုံတွင် အလယ်၌ ထိုင်နေသော ဒေါက်တာစံစီပိုးနှင့် ၁၉၂၀ ပြည့်လွန်နှစ်များ၏ ဥပဒေပြုကောင်စီတွင် ပါဝင်သည့် အခြားသော ကရင်တိုင်းရင်းသား အဖွဲ့ဝင်များကို တွေ့ရသည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်