အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဂျပန်တို့လက်အောက် မော်လမြိုင်ကျခြင်း
event_note ခေတ်ကာလများပြပုံ

၂၆ ဇန်နဝါရီ ၁၉၄၂ - ၃၁ ဇန်နဝါရီ ၁၉၄၂

ဂျပန်တို့လက်အောက် မော်လမြိုင်ကျခြင်း

people Hiroshi Takeuchi Sir John Smyth

Read in English

၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ဒုတိယ ဗိုလ်ချုပ်ကြီး ရှိုဂျီယို အီဒါ (Lt. General Shojiro Iida) ခေါင်းဆောင်သော အမှတ် ၁၅ ဂျပန်တပ်မတော်အောက်ရှိ အမှတ် ၅၅ တပ်မသည် မော်လမြိုင်မြို့ကို ဝင်တိုက်သည်။ ဂျပန်တို့၏ အဓိကရည်ရွယ်ချက်မှာ ရန်ကုန်မြို့မှ ချန်ကေရှိတ် (Chiang Kai-shek) ၏တရုတ်ပြည်သို့ သွားသည့် မဟာမိတ်တပ်များ၏ ရိက္ခာထောက်ပံ့ရေး လမ်းကြောင်း ဖြစ်သော မြန်မာပြည် လမ်းမကြီး (The Burma Road) ကို ဖြတ်တောက်ရန် ဖြစ်သည်။ 

ဒုတိယဗိုလ်ချုပ်ကြီး ဟိရိုရှိတကူအုချိ (Lt. General Hiroshi Takeuchi) လက်အောက်ရှိ အမှတ် ၅၅ ဂျပန်တပ်မသည် ထိုင်းနယ်စပ်ကို ဖြတ်ကျော်လာ၍ ကော့ကရိတ်မြို့နှင့် ကျုံဒိုးမြို့မှတစ်ဆင့် မော်လမြိုင်မြို့၏ အရှေ့အရပ်မှ စစ်ထိုးသည်။ အမှတ် ၃၃ ဂျပန်တပ်မကမူ ဘားအံမြို့မှသည် အရှေ့မြောက်အရပ်မှ ချဉ်းကပ်လာသည်။ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် အမှတ် ၅၅ တပ်မ၏ တပ်ခွဲတစ်ခု၏ လက်အောက်သို့ ထားဝယ်မြို့ ကျသွားသည်။ 

မော်လမြိုင်မြို့ကို ခုခံသူမှာ ဗိုလ်မှူးချုပ် ဆာဂျွန်စမစ် (Sir John Smyth) ဦးဆောင်သည့် အိန္ဒိယတပ်မတော်၏ အမှတ် ၁၇ တပ်မအောက်ရှိ အမှတ် ၁၆ တပ်ဖွဲ့ ဖြစ်သည်။ ဂေါ်ရခါး (Gurkha) နှင့် ဘလူ့ချ် (Baluch) တပ်ရင်းကြီးများမှ တပ်ဖွဲ့များနှင့် အဓိကဖွဲ့စည်းထားသည်။ 

ဝေဟင်မှ ဗုံးကြဲတိုက်ခိုက်ခြင်းကို တောင်ခံ့ထားခဲ့ပြီး မြို့၏ အနောက်မျက်နှာစာ တစ်လျှောက် တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် မော်လမြိုင်မြို့ ကျသွားခဲ့သည်သည်။ ဗြိတိသျှ-အိန္ဒိယတပ်များ သံလွင်မြစ်ကို ဖြတ်ကာ တပ်ဆုတ်သွားရာ နောင်နှစ်ပတ်အတွင်း ပြင်းထန်သော တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။ ဖေဖော်ဝါရီ လလယ်တွင် ဗြိတိသျှတို့က ရန်ကုန်မြို့မှ စွန့်ခွာရန် ဆုံးဖြတ်လိုက်သည်။ ၁၉၄၂ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့သည် ဂျပန်တို့၏ လက်အောက်သို့ ကျရောက်သွားခဲ့သည်။

ဓါတ်ပုံတွင် အနိုင်ရသော ဂျပန်တပ်များ မော်လမြိုင်မြို့တွင်း လှည့်လည် အောင်ပွဲခံနေကြပုံကို တွေ့မြင်နိုင်သည်။

ဒုတိယကမ္ဘာစစ်တွင်းကာလ (၁၉၄၂ - ၁၉၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်