အမေ့ခံအတိတ်
အမေ့ခံအတိတ်
ရန်ကုန်ကျခြင်း
event_note ခေတ်ကာလများပြပုံ

၈ မတ် ၁၉၄၂

ရန်ကုန်ကျခြင်း

Read in English

နှစ်လခွဲမျှ ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ၁၉၄၂ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့သည် ဂျပန် (Japanese) လက်အောက်သို့ ကျရောက်သွားခဲ့သည်။ ဂျပန် စစ်လေယာဉ်များ ဗုံးကြဲမှုကြောင့် အရပ်သား ၂,၀၀၀ ခန့် အသက်ဆုံးရှုံးပြီး လူပေါင်း ၄၀၀,၀၀၀ ခန့် စစ်ပြေးဒုက္ခသည် ဖြစ်ကြရသည်။ ကိုလိုနီအာဏာပိုင်တို့က မြို့မှ မထွက်ခွာမီ မြို့တော်၏ သင်္ဘောကျင်းများ၊ စက်ရုံများ၊ ရေနံချက်စက်ရုံများနှင့် မီးရထားသံလမ်းများ စသည်တို့ကို ဖျက်ဆီးပစ်ခဲ့ကြသည်။ ရာပေါင်းများစွာသော ရုံးများ၊ ဈေးဆိုင်များကို လူထုက ဝင်ရောက်လုယက်သည်။ နောက်သုံးလတာ ကာလအတွင်း ဗြိတိသျှ (British) တို့သည် ရန်ကုန်မြို့မှ (ထို့နောက် မန္တလေးမြို့မှ အာသံပြည် (Assam)) ဆုတ်ခွာရခြင်းသည် ဗြိတိသျှသမိုင်းတွင် ခရီး အရှည်ကြာဆုံး တပ်ဆုတ်ရခြင်း အဖြစ် သမိုင်းတွင်သည်။ ဤကဲ့သို့ "မြေလှန်စနစ်" ဖြင့် တပ်ဆုတ်သွားခြင်းကြောင့် အရှေ့တောင်အာရှ ဒေသတွင်း ခေတ်မီအတိုးတက်ဆုံး နိုင်ငံစာရင်းဝင် မြန်မာပြည်သည်လည်း စစ်ဘေးကြောင့် စီးပွားပျက်ကပ် ဆိုက်ခဲ့ရလေသည်။ 

ဓါတ်ပုံမှာ အစိုးရအိမ်တော် (ယခု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်)ရှေ့ ၌ အောင်ပွဲခံနေသော ဂျပန်တပ်များ၏ပုံ ဖြစ်သည်။ ထိုမှ သုံးနှစ်ခွဲ အကြာ ၁၉၄၅ ခုနှစ် သြဂုတ်လတွင် ထိုနေရာ၌ပင် ဂျပန်တပ်မတော်၏ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး တိုရာရှိရို ကာဝါဘဲ (Torashiro Kawabe) သည် ဂျပန်တို့ လက်နက်ချကြောင်း တရားဝင်လက်မှတ်ရေးထိုးခဲ့သည်။

ဒုတိယကမ္ဘာစစ်တွင်းကာလ (၁၉၄၂ - ၁၉၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်