အမေ့ခံအတိတ်
အမေ့ခံအတိတ်
ရန်ကုန်မြို့ရောက် နာမည်ကျော် လေယာဉ်မှူး အမီလီယာ အဲဟာ့တ်
event_note ခေတ်ကာလများပြပုံ

၁၉ ဇွန် ၁၉၃၇

ရန်ကုန်မြို့ရောက် နာမည်ကျော် လေယာဉ်မှူး အမီလီယာ အဲဟာ့တ်

room United States

Read in English

၁၉၃၇ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် နာမည်ကျော် လေယာဉ်မှူး အမီလီယာ အဲဟာ့တ် (Amelia Earhart) သည် ရန်ကုန်မြို့သို့ ဆိုက်ရောက်လာခဲ့သည်။ သူ၏ ခရီးစဉ်မှာ ကမ္ဘာကို တစ်ပတ်ပတ် ပျံသန်းရန် ဖြစ်သည်။ နောက်ထပ် ရက်သတ္တပတ် နှစ်ပတ် အကြာတွင် သူသည် တောင်ပစိဖိတ် သမုဒ္ဒရာထက် ပျံသန်းရင်း ပျောက်ဆုံးသွားခဲ့သည်။ သူ၏ နောက်ဆုံးလေကြောင်းခရီးသည် ယနေ့တိုင် အဖြေမတွေ့သေးသော ပုစ္ဆာဖြစ်သည်။ သူသည် အတ္တလန္တိတ် သမုဒ္ဒရာကို တစ်ဦးတည်း လေယာဉ်မောင်းကာ ဖြတ်သန်းခဲ့သော ပထမဦးဆုံးသော အမျိုးသမီး လေယာဉ်မှူး ဖြစ်ရုံ သာမက လေယာဉ်ပျံသန်းခြင်းဆိုင်ရာ စံချိန် အမျိုးမျိုးကို တင်နိုင်ခဲ့သည်။ ထို့အပြင် သူမသည် နာမည်ကျော် စာရေးဆရာမတစ်ဦးလည်း ဖြစ်ပေသည်။ မင်္ဂလာဒုံလေဆိပ်တွင် ရိုက်ကူးထားသည့် ဤဓါတ်ပုံတွင် သူ့ကို ရန်ကုန်တိုင်းမ် (Rangoon Times)မှ စာတည်းမှူးက တွေ့ဆုံမေးမြန်းနေပုံ ဖြစ်သည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်