အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာနိုင်ငံ၏ တိုင်းတစ်ပါးသား အကြံပေးများ
event_note ခေတ်ကာလများပြပုံ

မတ် ၁၉၅၃

မြန်မာနိုင်ငံ၏ တိုင်းတစ်ပါးသား အကြံပေးများ

people U Hla Maung Louis Wallinsky Robert Nathan

Read in English

တိုင်းတစ်ပါးမှ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြံပေးများနှင့် အထောက်အပံ့ အရာရှိများသည် မြန်မာနိုင်ငံအတွက် အထူးအဆန်း မဟုတ်ပေ။ ဤသည်မှာ ၁၉၅၃ ခုနှစ် မတ်လက ဦးနုနှင့် (ဝဲဘက်အစွန်ရှိ) အကြံပေးအရာရှိချုပ် လူးဝစ်ဝေါလင်စကီ (Louis Wallinsky) နှင့် အတိုင်ပင်ခံ ရောဘတ်နေသန် (Robert Nathan - အလယ်ရှိ မြန်မာဝတ်စုံဖြင့် ပုဂ္ဂိုလ်) တို့ကို အတူ တွေ့ရသည့် ဓာတ်ပုံ ဖြစ်သည်။ ယာဘက် အစွန်ဆုံးမှ ပုဂ္ဂိုလ်သည် အိုင်စီအက်စ် ဦးလှမောင် ဖြစ်သည်။ မြန်မာအရာရှိနှင့် စီးပွားရေးသမားများစွာတို့၏ ကြိုးပမ်းအားထုတ်မှုများ၊ သင့်တင့်မျှတသော အစိုးရမူဝါဒများ၊ နိုင်ငံတကာ ကျွမ်းကျင်သူများ၏ အကူအညီများ စသည်တို့အားလုံးကြောင့် ၁၉၅၀ ပြည့်နှစ်ကာလ မြန်မာနိုင်ငံသည် အတိုင်းအတာတစ်ခုအထိ စည်ပင်သာယာခဲ့ပြီး တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ထက် ရှေ့ရောက်နေခဲ့သည်။ နောက်ပိုင်းတွင် တိုင်းရေးပြည်ရေး အခြေအနေ မဆိုးဝါးလာခဲ့ချိန်တွင် လူမျိုးရေးနှင့်သဘောထား ကွဲလွဲမှုများကို မစေ့စပ်နိုင်ခဲ့သောကြောင့် စစ်တပ်အာဏာသိမ်းသွားကာ တိုင်းပြည်သည်လည်း ကမ္ဘာအရပ်ရပ်နှင့် အဆက်အသွယ် ပြတ်တောက်ခဲ့ရလေသည်။

ပြည်တွင်းပြည်ပ ၁၉၅၀ ပြည့်နှစ်များ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်