အမေ့ခံအတိတ်
ကရင်အမျိုးသား အစည်းအရုံး တည်ထောင်သူ စောဘဦးကြီး
event_note ခေတ်ကာလများပြပုံ

၁၉၂၉

ကရင်အမျိုးသား အစည်းအရုံး တည်ထောင်သူ စောဘဦးကြီး

room United Kingdom

Read in English

ဖော်ပြပါပုံမှာ ကရင်အမျိုးသား အစည်းအရုံး တည်ထောင်သူ စောဘဦးကြီး (လန်ဒန်မြို့ - London) မစ်ဒယ်တန်ပယ် (Middle Temple) တွင် ဝတ်လုံတော်ရရှေ့နေ ဖြစ်လာစဉ် ၁၉၂၉ ခုနှစ်က ရိုက်ကူးထားသော ပုံ ဖြစ်သည်။ နောင်တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်လာမည့် ဦးသန့်၏ ပထမဆုံး ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှု အတွေ့အကြုံမှာ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်တွင် မဟုတ်ပါ။ ၁၉၄၉ ခုနှစ်က အင်းစိန်မြို့နယ်တွင် ဖြစ်ပေသည်။ ဦးနု၏ မေတ္တာရပ်ခံချက်ကြောင့် အင်းစိန်မြို့နယ် အနီးရှိ ရှေ့တန်းစစ်မြေပြင်ကို ဖြတ်ကျော်ကာ စောဘဦးကြီး၊ ပန်းတနော်မြို့မှ မိတ်ဆွေဟောင်းကြီး စောဟန်တာသာမွှေးတို့နှင့် သွားရောက်တွေ့ဆုံခဲ့သောကြောင့် ကေအင်ယူ (KNU) နှင့် မြန်မာအစိုးရ အကြား အပစ်အခတ် ရပ်စဲခဲ့လေသည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်

© LostFootSteps 2025. All rights reserved.