အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၈၉၀ ပြည့်နှစ်များက မန္တလေးမြို့ စီလမ်းပေါ်တွင် တွေ့ရသော မိုင်းလုံမင်းသမီး၏ အသုဘ
event_note ခေတ်ကာလများပြပုံ

၁၈၆၇ - ၁၈၉၈

၁၈၉၀ ပြည့်နှစ်များက မန္တလေးမြို့ စီလမ်းပေါ်တွင် တွေ့ရသော မိုင်းလုံမင်းသမီး၏ အသုဘ

Read in English

မိုင်းလုံမင်းသမီး သုသီရိကေသာဝတီကို ၁၈၆၇ ခုနှစ်တွင် ဖွားမြင်ပြီး မင်းတုန်းမင်းနှင့် သရစိမ်းမြို့စား မိဖုရားတို့၏ သမီးတော် ဖြစ်သည်။ ၁၈၉၄ ခုနှစ်တွင် မောင်နှမ တစ်ဝမ်းကွဲ တော်စပ်သူ ကောလင်းမင်းသားနှင့် စုံဖက်ပြီး သားသမီးနှစ်ဦး ဖွားမြင်ကာ ၁၈၉၈ ခုနှစ် အသက် ၃၁ နှစ် အရွယ်တွင် ကံတော်ကုန်ခဲ့သည်။

သီပေါမင်းနှင့် မိသားစုသည် အိန္ဒိယပြည်သို့ ပြည်နှင်ခံထားရချိန်တွင် မြန်မာပြည်တွင် ကျန်ရှိသော မင်းမျိုးမင်းနွယ်များသည် ဗြိတိသျှ အာဏာပိုင်များ၏ မျက်စိဒေါက်ထောက် ကြည့်မှုအောက်တွင် နေထိုင်ကြရသည်။ မင်းမျိုးမင်းနွယ် တစ်ဦးဦး၏ အသုဘ အခမ်းအနားတော်ကဲ့သို့ တော်ဝင်အခမ်းအနားများသည် ဆန္ဒပြနိုင်ဖွယ်ရာ အကြောင်းများ ဖြစ်ခဲ့သည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်