အမေ့ခံအတိတ်
အမေ့ခံအတိတ်
ကမ်းဘရစ်ချ်တက္ကသိုလ်တွင် ပညာသင်ခဲ့သော မြန်မာသမိုင်းတွင် အရေးပါသည့် ပုဂ္ဂိုလ်ကြီးများ

20th Century

ကမ်းဘရစ်ချ်တက္ကသိုလ်တွင် ပညာသင်ခဲ့သော မြန်မာသမိုင်းတွင် အရေးပါသည့် ပုဂ္ဂိုလ်ကြီးများ

room United Kingdom

people Dr Ba Maw U Tin Tut Justice U Myint Thein Lord Louis Mountbatten Sao Hkun Hkio President Dr. Ba U Gordon Luce Saw Ba U Gyi Justice U Kyaw Myint Justice U Chan Htoon Dr Htin Aung U Kyaw Min U Ka Si JS Furnivall Dr. Thant Myint-U

Read in English

မြန်မာနိုင်ငံ၏ ပြင်ပမှ တက္ကသိုလ်များထဲတွင် အင်္ဂလန်နိုင်ငံ (United Kingdom) ရှိ ကိန်းဘရစ်ချ် တက္ကသိုလ် (Cambridge University) လောက် မြန်မာနိုင်ငံ အတွက် အရေးပါခဲ့သော တက္ကသိုလ် ရှိမည် မဟုတ်ပါ။ (ရန်ကုန်တက္ကသိုလ်မှ လွဲ၍ ကိန်းဘရစ်ချ် တက္ကသိုလ်လောက် အရေးပါသည့် တက္ကသိုလ် ရှိမည် မဟုတ်ဟုပင် ဆိုနိုင်ပါသည်။) 

ကိန်းဘရစ်ချ်တက္ကသိုလ်တွင် ပညာသင်ခဲ့သော မြန်မာသမိုင်း၏ အရေးကြီးပုဂ္ဂိုလ်ကြီးများမှာ သမ္မတ ဒေါက်တာဘဦး၊ နန်းရင်းဝန်နှင့် အဓိပတိ ဖြစ်လာသူ ဒေါက်တာဘမော်၊ ကရင်အမျိုးသား အစည်းအရုံး (ကေအင်ယူ) ဥက္ကဌ စောဘဦးကြီး၊ နိုင်ငံခြားရေးဝန်ကြီး စဝ်ခွန်ချို၊ တရားသူကြီး ဦးချန်ထွန်း၊ တရားသူကြီး ဦးမြင့်သိန်း၊ တရားသူကြီး ဦးကျော်မြင့်၊ သမိုင်းပညာရှင်နှင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာထင်အောင်၊ အိုင်စီအက်စ် ဦးတင်ထွဋ်၊ အိုင်စီအက်စ် ဦးကျော်မင်း၊ အိုင်စီအက်စ် ဦးကာစီ နှင့် အခြားသော အထင်ကရပုဂ္ဂိုလ်ကြီးများ ပါဝင်သည်။ 

ထို့အပြင် မြန်မာ့သမိုင်းတွင် ပါဝင်ခဲ့သည့် ဗြိတိသျှလူမျိုး ကျောင်းသားဟောင်းများမှာ ဒုတိယကမ္ဘာစစ် ကာလက အရှေ့တောင်အာရှ မဟာမိတ်တပ်များ စစ်သေနာပတိချုပ် လော့ဒ်လူးဝစ်မောင့်ဘက်တန် (Lord Louis Mountbatten)၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခ ဂေါ်ဒန်လုစ် (Gordon Luce)၊ မြန်မာနိုင်ငံ သုတေသနအဖွဲ့ တည်ထောင်သူ လူမှုဗေဒပညာရှင် ဂျေအက်စ်ဖာနီဗယ် (J. S Furnivall) တို့လည်း ပါဝင်သည်။ 

အခြားသော ကမ္ဘာတစ်ဝှမ်းမှ ကောလိပ်များနှင့် နှိုင်းယှဉ်လျှင် ကိန်းဘရစ်ချ်တက္ကသိုလ်မှ ထရင်နတီကောလိပ် (Trinity College) သည် ထူးချွန်ထက်မြက် ကျောင်းဆင်းများကို ပိုမိုမွေးထုတ်ပေးခဲ့သည်ဟု ဆိုနိုင်ပေသည်။ အိုင်ဆက်နယူတန် (Issac Newton)၊ ချားလ်ဒါဝင် (Charles Darwin)၊ လူးဝဂ်ဗစ်ဂန်စတိုင်း (Ludwig Wittgenstein) ၊ ဘာထရန်းရက်စယ် (Bertrand Russell)၊ ပန်ဒစ်နေရူး (Pandit Nehru)၊ လော့ဒ်ဘိုင်ရွန် (Lord Byroon)၊ အဲလ်ဖရက်ဒ်တန်နီစန် (Alfred Tennyson)၊ ဗလာဒီမီယာနာဘိုကော့ဖ် (Vladimir Nabokov) အပါအဝင် သမ္မတများ၊ ဝန်ကြီးချုပ်များ၊ နိုဗယ်လ်ဆုရများသည် ထရင်နတီ ကျောင်းသားဟောင်းများ ဖြစ်ကြသည်။ 

ဓါတ်ပုံမှာ  ၁၉၉၆-၂၀၀၀ ခုနှစ် အတွင်းက ဒေါက်တာ သန့်မြင့်ဦး ပါရဂူဘွဲ့ တက်ရောက်ခဲ့ပြီး စာသင်ကြားခဲ့သော ကိန်းဘရစ်တက္ကသိုလ်၊ ထရီနီတီကောလိပ်မှ ထမင်းစားဆောင် ဖြစ်ပါသည်။

မျက်မှောက်ခေတ် မြန်မာနှင့် ကမ္ဘာ (၁၉၆၀ ပြည့်နှစ်များမှ ယနေ့ထိ) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်