အမေ့ခံအတိတ်
အမေ့ခံအတိတ်
သီပေါမင်း၏ စာသင်ကျောင်း
event_note ခေတ်ကာလများပြပုံ

1880s

သီပေါမင်း၏ စာသင်ကျောင်း

Read in English

သီပေါမင်း ပညာသင်ယူခဲ့သော စာသင်ကျောင်းနှင့် ပတ်သက်၍ ဤပုံကိုသာ တွေ့ရှိထားပါသည်။ မန္တလေးမြို့ နန်းမြို့ရိုး အနောက်ဘက်တွင် တည်ရှိပြီး ‘ဒေါက်တာမာ့ခ်စ်ကျောင်း’ ‘ဆရာမှတ်ကြီးကျောင်း’ ဟုလည်း လူသိများသည့် အက်စ်ပီဂျီ သာသနာပြု စာသင်ကျောင်း ဖြစ်သည်။ ၁၈၆၉ ခုနှစ်တွင် ရန်ကုန်မြို့ စိန်ဂျွန်းကျောင်း၏ ကျောင်းအုပ်ဆရာကြီး ခရစ်ယာန် သာသနာပြုဘုန်းကြီး ဂျိန်းမ်စ်အက်ဘန်နီဇာမာ့က်စ်(James Ebenezer Marks) အား ခရစ်ယာန် ဘုရားရှိခိုးကျောင်းနှင့် ဆရာများ နေရန် နေအိမ် အပါအဝင် စာသင်ကျောင်း တစ်ခု အတူတကွ တည်ထောင်ရန် မင်းတုန်းမင်းကြီး ဖိတ်ကြားခဲ့သည်။ ထိုကျောင်းတွင် သီပေါမင်းသား အပါအဝင် မင်းညီမင်းသား ၇ ဦး ပညာဆည်းပူးခဲ့သည်။ သီပေါမင်းသားကို ခရစ်ကတ်ကစားရာတွင် “ပြိုင်ဘက်မရှိ ထူးချွန်သော” ကစားသမား အဖြစ်၊ ဒိုးလုံးလှိမ့်တမ်း ကစားသည့်အခါ “မင်းသားတစ်ယောက်နှင့် မလိုက်ဖက်သော စကားများ” ပြောဆိုတတ်သည်ဟု အမှတ်ရကြသည်။ သီပေါမင်းသားသည် လိမ္မာရေးခြားသော ကျောင်းသားတစ်ယောက် ဖြစ်ခဲ့ပြီး အင်္ဂလိပ်စာကို ပြောတတ်ဖတ်တတ်နိုင်သော ပထမဦးဆုံးနှင့် နောက်ဆုံး မြန်မာဘုရင်တစ်ယောက်ဖြစ်ခဲ့ကြောင်း မှတ်သားရပေသည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်