အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၈၇၅ ခုနှစ် ကင်းဝန်မင်းကြီး ကာလကတ္တားခရီးစဉ်
event_note ခေတ်ကာလများပြပုံ

၁၈၇၅

၁၈၇၅ ခုနှစ် ကင်းဝန်မင်းကြီး ကာလကတ္တားခရီးစဉ်

room India

people Kinwun Mingyi King Mindon Prince of Wales (Later Edward VII)

Read in English

၁၈၇၅ ခုနှစ်က ကင်းဝန်မင်းကြီး ကာလကတ္တားမြို့သို့ သွားရောက်စဉ် ရိုက်ကူးခဲ့သည့် ရှားပါးဓာတ်ပုံ ဖြစ်သည်။ ထိုခရီးစဉ်သည် အင်္ဂလိပ်-မြန်မာဆက်ဆံရေးကို တစ်ကွေ့တစ်ပြောင်း ဖြစ်စေခဲ့သည်။ ထိုခရီးစဉ်၏ အဓိက ရည်ရွယ်ချက်မှာ အိန္ဒိယအင်ပါယာသို့ တိုင်းခန်းလှည့်လည်ရန် ရောက်ရှိနေသည့် (နောင်တွင် အက်ဒ်ဝါ့ဒ် ၇ ဘုရင် King Edward VII ဖြစ်လာမည့်) ဝေလမင်းသားနှင့် တွေ့ဆုံရန် ဖြစ်သည်။ ထိုခရီးစဉ်သည် ယိုယွင်းပျက်စီးလာနေသော ဗြိတိသျှတို့နှင့် ဆက်ဆံရေးကို လျင်မြန်စွာ ပြုပြင်ပြင်ဆင်ရန် နောက်ဆုံးအကြိမ် ကြိုးပမ်းအားထုတ်မှုလည်း ဖြစ်ခဲ့သည်။ 

၁၈၇၅ ခုနှစ်သို့ ရောက်သောအခါ မြန်မာ့ပြည်တွင်း နိုင်ငံရေး၌ ဗြိတိသျှတို့ ဝင်ရောက်စွက်ဖက်မှုသည် တစ်နေ့တခြား မြင့်တက်လာခဲ့သည်။ ဗြိတိသျှ သူလျှိုများက နန်းတွင်းတွင် သွေးခွဲလှုံ့ဆော်မှုများ ပြုလုပ်နေကြသည်။ ပြည်ပြေးများက ဗြိတိသျှပိုင်နက်များတွင် ခိုလှုံကာ မင်းတုန်းမင်းအား ဖြုတ်ချရန် လျှို့ဝှက်ကြံစည်နေကြသည်။ တိုင်းပြည်၏ မြောက်ပိုင်းရှိ သူပုန်များသည်လည်း ဗြိတိသျှဘက်မှ လက်နက်အင်အား အထောက်အပံ့ကို တိုးတိုးတိတ်တိတ် ရရှိနေကြသည်။ မင်းတုန်းမင်းသည် လန်ဒန်အစိုးရနှင့် မဟာမိတ်စာချုပ် ချုပ်ဆိုနိုင်ရေးကို လုံးဝ လက်လျှော့ထားပြီး အဆိုပါ ကင်းဝန်မင်းကြီး၏ သံတမန်ရေးရာ အားထုတ်မှုသည် အရာမထင်ခဲ့ချေ။ ၁၈၇၈ ခုနှစ်သို့ ရောက်သည့်အခါ ဗြိတိသျှတို့သည် အထက်မြန်မာပြည်ကို အင်အား အလုံးအရင်းသုံးကာ နယ်ချဲ့ရန် စီမံကိန်း ဆွဲနေကြပြီ ဖြစ်သည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်