အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာ့သမိုင်းကို ပြောင်းလဲစေခဲ့သော လေဘာပါတီ၏ အောင်ပွဲ
event_note ခေတ်ကာလများပြပုံ

ဇူလိုင် ၁၉၄၅

မြန်မာ့သမိုင်းကို ပြောင်းလဲစေခဲ့သော လေဘာပါတီ၏ အောင်ပွဲ

people Winston Churchill Clement Attlee Thakin Nu Bo Let Ya U Tin Tut

Read in English

၁၉၄၅ ခုနှစ် ဇူလိုင်လတွင် အင်္ဂလန်နိုင်ငံတွင် လေဘာပါတီ (Labour Party) က ကွန်ဆာဗေးတစ်ပါတီ (Conservative Party) ကို အပြတ်အသတ် အနိုင်ရပြီး ဆာဝင်စတန်ချာချီ (Sir Winston Churchill) နေရာကို ကလီမန့် အက်တလီ (Clement Attlee) က အစားထိုးကာ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ လေဘာပါတီ၏ အနိုင်ရမှုက မြန်မာ့သမိုင်း လမ်းကြောင်းကို ပြောင်းလဲသွားစေခဲ့ကြောင်း သံသယပွားဖွယ် မရှိပါ။

ဝန်ကြီးချုပ် အက်တလီသည် ကိုလိုနီစနစ်ကို စွန့်လွှတ်လိုပြီး တစ်နှစ်အတွင်းပင် မူဝါဒ အဟောင်းများကို ပြောင်းလဲကာ မြန်မာပြည်ကို ကိုယ်ပိုင် လွတ်လပ်ခွင့် လမ်းကြောင်းပေါ်သို့ ဦးတည်ပေးခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် အက်တလီအစိုးရက အိန္ဒိယနိုင်ငံ (India)၊ ပါကစ္စတန်နိုင်ငံ (Pakistan)၊ မြန်မာနိုင်ငံနှင့် စီလုံနိုင်ငံ (Ceylon) တို့ကို လွတ်လပ်ရေး ပေးခဲ့သည်။ အက်တလီသည် ၁၉၂၀ ခုနှစ်များက (မြန်မာပြည်ကို အိန္ဒိယပြည်မှ ခွဲထုတ်ရန် အကြံပြုခဲ့သည့်) ဆိုင်မွန် ကော်မရှင် (Simon Commission) အဖွဲ့ဝင် တစ်ယောက် အဖြစ် မြန်မာပြည်သို့ ၂ ကြိမ် လာရောက်ခဲ့ဖူးသည်။ ဝင်စတန်ချာချီ ဦးဆောင်သော ကွန်ဆာဗေးတစ်ပါတီသာ အာဏာဆက်ရခဲ့လျှင် ၁၉၄၈ ခုနှစ်တွင် မြန်မာပြည်ကို လွတ်လပ်ရေး ပေးခဲ့လိမ့်မည် မဟုတ်ပါ။

၁၉၄၇ ခုနှစ် အောက်တိုဘာလတွင် နု-အက်တလီ စာချုပ် ချုပ်ဆိုစဉ်က ရိုက်ကူးထားသော ဤဓါတ်ပုံတွင် အက်တလီ (အလယ်)၊ သခင်နု (မတ်တပ်ရပ်နေသူ)၊ ဗိုလ်လက်ျာနှင့် ဦးတင်ထွဋ်တို့ကို တွေ့ရမည်။

လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်ကာလ (၁၉၄၅ - ၁၉၅၁) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်