အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၉၃၅ ခုနှစ်က လန်ဒန်-ရန်ကုန်သို့ တိုက်ရိုက်ပျံသန်းသော အင်ပီးရီးရယ်လေကြောင်းလိုင်း
event_note ခေတ်ကာလများပြပုံ

၁၉၃၅

၁၉၃၅ ခုနှစ်က လန်ဒန်-ရန်ကုန်သို့ တိုက်ရိုက်ပျံသန်းသော အင်ပီးရီးရယ်လေကြောင်းလိုင်း

room United Kingdom

Read in English

ခရီးသည်တင် လေကြောင်းလိုင်းများ စတင်ပေါ်ပေါက်လာသည့် အစောပိုင်း ဆယ်စုနှစ်များတွင် အင်္ဂလန်နိုင်ငံ (England) မှ သြစတြေးလျနိုင်ငံ (Australia) သို့ ပျံသန်းသော ခရီးသည်နှင့် ကုန်တင်လေယာဉ်များသည် ရန်ကုန်မြို့တွင် ခရီးတစ်ထောက် နားလေ့ ရှိကြသည်။ အင်ပီရီရယ် လေကြောင်းလိုင်း (Imperial Airways) သည် ဗြိတိသျှ အစိုးရက "ဗြိတိန်နိုင်ငံနှင့် ပင်လယ်ရပ်ခြားတွင် တည်ရှိသည့် အကျိုးစီးပွားကို ချိတ်ဆက်ပေးရန် အသုံးပြုသည့် ဆက်သွယ်ရေး လမ်းကြောင်း" ဖြစ်ပြီး ၁၉၃၄ ခုနှစ်တွင် ထိုစဥ်က ကမ္ဘာပေါ်တွင် အရှည်ဆုံး လေယာဥ်လမ်းကြောင်း ဖြစ်သည့် အင်္ဂလန်နိုင်ငံ (United Kingdom)၊ လန်ဒန်မြို့ (London) တောင်ပိုင်းရှိ ခရွိုင်ဒန် (Croydon) မှ သြစတြေးလျနိုင်ငံ (Australia)၊ ဘရစ်စဘိန်းမြို့ (Brisbane) မြို့ထိ လမ်းကြောင်းကို တည်ထောင်ပြေးဆွဲခဲ့သည်။ ပုံတွင် အင်ပီရီရယ် လေကြောင်းလိုင်းမှ ပြေးဆွဲသည့် အဓိက လမ်းကြောင်းများ ပြပုံနှင့် ဗြိတိသျှ ပန်းချီဆရာ ပါဆီပက်ဒန် (Percy Padden, ၁၈၈၅-၁၉၆၅) ရေးဆွဲ၍ အိန္ဒိယပြည်သူပိုင် ရထားလုပ်ငန်း (Indian State Railways) မှ ထုတ်ဝေသော ခရီးသွား လက်ကမ်းစာစောင် ဖြစ်သည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်