အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၈၈၂ ခုနှစ်က မန္တလေး
event_note ခေတ်ကာလများပြပုံ

၁၈၈၂ - ၁၉၄၅

၁၈၈၂ ခုနှစ်က မန္တလေး

Read in English

သီပေါမင်းလက်ထက် မန္တလေးနန်းတော်၏ တစ်ခုတည်းသော ဓာတ်ပုံ။ ဂျာမန်လူမျိုး စူးစမ်းရှာဖွေသူ အီမီလ် ရိုင်းဘက်ခ် (Emil Riebeck)မှ ရိုက်ကူးထားခြင်း ဖြစ်သည်။ နန်းမြို့ရိုးအတွင်း အဆောက်အအုံများစွာ ရှိနေသည်ကို သတိပြုကြည့်နိုင်သည်။ ပင်မနန်းဆောင်နှင့် လွှတ်တော် အဆောက်အဦများအပြင် တော်ဝင်မိသားစုများ၊ မှုးကြီးမတ်ရာများ၏ နေအိမ်များကို တွေ့နိုင်သည်။ ထိုအိမ်တော်များကို ၁၈၈၀ ခုနှစ် နှောင်းပိုင်းကာလများတွင် ဗြိတိသျှတို့က မီးရှို့ဖျက်ဆီးလိုက်ကြသည်။ ၁၉၀၁ ခုနှစ်တွင် ဘုရင်ခံ လော့ဒ်ကောဇုံ (Lord Curzon) အလည်အပတ် လာရောက်တော့မှသာ ဖျက်ဆီးမှုများ ရပ်ဆိုင်းရန် တားမြစ်ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင်မူ မန္တလေးနန်းတော်ဝန်း မီးလောင်ကာ ပျက်စီးသွားခဲ့လေသည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်