အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၉ ၃၀ ပြည့်နှစ်ဝန်းကျင် ရွှေတိဂုံဘုရားဂေါပကအဖွဲ့ဝင် ဂုဏ်သရေရှိ မြန်မာအမျိုးသားကြီး ၉  ယောက်
event_note ခေတ်ကာလများပြပုံ

၁၉၃၀

၁၉ ၃၀ ပြည့်နှစ်ဝန်းကျင် ရွှေတိဂုံဘုရားဂေါပကအဖွဲ့ဝင် ဂုဏ်သရေရှိ မြန်မာအမျိုးသားကြီး ၉ ယောက်

Read in English

ထို ၉ ယောက် အနက် ၆ ယောက်၏အမည်တွင် “ဘိုး” ပါရှိသည်။ ဖော်ပြပါပုံမှာ ၁၉၃၀ ပြည့်နှစ်ဝန်းကျင် ရွှေတိဂုံဘုရား ဂေါပကအဖွဲ့ဝင်များ၏ ဓာတ်ပုံ ဖြစ်သည်။ ယင်းတို့အားလုံးသည် အောင်မြင်သော စီးပွားရေးသမားများ၊ ပြည်သူ့ဝန်ထမ်းဟောင်းများနှင့် အလှူရှင်များ ဖြစ်ကြသည်။ ယင်းတို့၏ အမည်များမှာ (ဝဲမှယာ) ဦးဘိုးအောင်၊ ဦးဘိုးမြိုင်၊ ဦးဘိုးသာ၊ ဦးဘိုးမင်း၊ ဦးလန်၊ ဦးတူ၊ ဦးနုဒွန်၊ ဦးဘိုးကျင်နှင့် ဦးဘိုးလှတို့ ဖြစ်ကြသည်။ သခင်များ ပေါ်ပေါက်လာပြီး လွတ်လပ်ရေး ရသည့်အခါ သြဇာအာဏာ မှေးမှိန်သွားခဲ့ကြသော အထက်တန်းလွှာထဲမှ ဖြစ်ကြသည်။ ပုံထဲတွင် ၁၉၆၀ ပြည့်နှစ်များ မတိုင်မီ အထိ ပွဲလမ်းသဘင် သွားရာတွင် ဝတ်ဆင်လေ့ ရှိကြသော မြန်မာ့ “ရိုးရာ” အမျိုးသားဝတ်စုံကို သပ်ရပ်စွာ ဝတ်စားဆင်ယင်ထားကြသည်ကို တွေ့နိုင်သည်။ (ထိုကဲ့သို့ ဝတ်ဆင်မှုကို ယနေ့ခေတ်၌ မတွေ့ရသလောက်နီးပါးရှိသည်။) မေးမြန်းလိုသည်မှာ လွန်ခဲ့သော နှစ်တစ်ရာခန့်က ဘိုး ဟူသောနာမည် ဘာကြောင့် ရေပန်းစားခဲ့သနည်း၊ ယနေ့ခေတ်တွင် ဘာကြောင့် ရေပန်းမစားတော့သနည်း။ 

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ကမ္ဘာ့မြို့တော် ရန်ကုန် (၁၈၅၃-၁၉၆၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်