အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာပြည်၏ ကြေးမုံပုံရိပ်သဖွယ် အလား အိန္ဒိယအရှေ့မြောက်ပိုင်းဒေသများ

21st Century

မြန်မာပြည်၏ ကြေးမုံပုံရိပ်သဖွယ် အလား အိန္ဒိယအရှေ့မြောက်ပိုင်းဒေသများ

room India

Read in English

အိန္ဒိယနိုင်ငံ (India) ဟု ဆိုလိုက်လျှင် မြန်မာ အများစုက မှန်းဆပုံဖော်ကြမိသည်မှာ ဘင်္ဂလားပင်လယ်အော် (Bay of Bengal) တစ်ဖက်ကမ်း မိမိတို့နှင့် ရာစုနှစ်များစွာ အဆက်အသွယ် ရှိခဲ့သော အိန္ဒိယနိုင်ငံ၊ တောင်ပိုင်းဒေသ (မြန်မာနိုင်ငံတွင် ကိုးကွယ်သော ဗုဒ္ဒဘာသာ အစပြုခဲ့ဖွယ်ရာ ရှိသော ဒေသ)၊ ဘင်္ဂလားဒေသ (Bengal) နှင့် အခြားဆက်စပ်ဒေသများ ဟူ၍သာ ဖြစ်သည်။ မေ့လျော့နေတတ်သည်မှာ လူပေါင်းသန်း ၄၀ ကျော် နေထိုင်လျက် ရှိသော အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ပိုင်းဒေသများ (အာသံပြည်နယ် (Assam)၊ အာရုံနာချာပရာဒက်ရှ်ပြည်နယ် (Arunachal Pradesh)၊ နာဂလန်းပြည်နယ် (Nagaland)၊ မဏိပူရပြည်နယ် (Manipur)၊ မီဇိုရမ်ပြည်နယ် (Mizoram)၊ တြိပူရပြည်နယ် (Tripura)၊ မဟာလာယပြည်နယ် (Maghalaya) နှင့် ဆစ်ကင်ပြည်နယ် (Sikkhim) စသည့် ပြည်နယ်များ) ဖြစ်သည်။ ထိုဒေသများသည် မြန်မာပြည်၏ ကြေးမုံပုံရိပ်သဖွယ်အလား ဆင်တူနေသည့် အကြောင်းရင်းများစွာ ရှိပေသည်။ တောင်ကုန်းတောင်တန်းများ ဝန်းရံနေသည့် ဗြဟ္မပုတ္တရမြစ်ဝှမ်းဒေသ (Brahmaputra valley) အလယ်တွင် တည်ရှိခြင်း၊ တစ်ချိန်က ဗြိတိသျှ (British) လက်အောက်ခံ ဖြစ်ခဲ့ဖူးခြင်း၊ ဒေသခံ လူမျိုးစုများ အကြား လက်နက်ကိုင်စစ်ပွဲများ ဖြစ်ခဲ့ခြင်းတို့ ဖြစ်သည်။

ဤသည်မှာ နာဂလန်းပြည်နယ်မှ ဖက်ရှင်မော်ဒယ် ကယ်ရိုဟမ်တ်ဆို (Carol Humtsoe) ဖြစ်သည်။ အောင်မြင်ကျော်ကြားလာသော ဒေသခံလူငယ်များထဲမှ တစ်ဦး ဖြစ်ပြီး နိုင်ငံတကာ မော်ဒယ်လောကတွင် နေရာရလာခဲ့သည်။

မြန်မာ့ အိမ်နီးချင်းနိုင်ငံများ၏ အတိတ်နှင့် ပစ္စပ္ပုန် မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်