အမေ့ခံအတိတ်
အမေ့ခံအတိတ်
ကျိုင်းတုံမင်းသမီး စဝ်နန်းဒိပ်ဓိဋာ
event_note ခေတ်ကာလများပြပုံ

၁၈၇၁ - ၁၉၀၃

ကျိုင်းတုံမင်းသမီး စဝ်နန်းဒိပ်ဓိဋာ

people Sao Nang Tip Htila Myoza of Kenghkam

Read in English

ကျိုင်းတုံမင်းသမီး စဝ်နန်းဒိပ်ဓိဋာကို ၁၈၇၁ ခုနှစ်တွင် ဖွားမြင်သည်။ ကျိုင်းတုံမြို့၏ ၅၂ ဆက်နှင့် ၅၃ ဆက်မြောက် စော်ဘွားတို့၏ နှမတော် ဖြစ်ပြီး ကျိုင်းခမ်းစော်ဘွား၏ မဟာဒေဝီ ဖြစ်သည်။ ပါးရည်နပ်ရည် ရှိခြင်း၊ ဆွဲဆောင်မှု ရှိခြင်းတို့ကြောင့် နာမည်ကျော်ပြီး ဒေသခံများနှင့် ဗြိတိသျှတို့၏ သဘောကျလေးစားမှုကို ခံရရာ သြဇာသက်ရောက်ခဲ့သော အထင်ရပုဂ္ဂိုလ် ဖြစ်သည်။ ကျွမ်းကျင်ပါးနပ်သော စီးပွားရေးသမား တစ်ယောက်လည်း ဖြစ်သည်။ (မော်တော်ကားများကို စတင်တင်သွင်းခဲ့သူ ဖြစ်သည်။) ၁၉၀၃ ခုနှစ်က ဒေလီမြို့တွင် ကျင်းပခဲ့သော ၇ ဆက်မြောက် အက်ဒဝါ့ဒ် ဘုရင် (Edward VII) အိန္ဒိယဘုရင်ခံဧကရာဇ်အဖြစ် နန်းတက်ပွဲကို တက်ရောက်ခဲ့သည်။ ဖော်ပြပါပုံကို ဆာဂျိမ်းစ်ဂျော့ချ်စကော့ (Sir James George Scott)က ရိုက်ကူးခဲ့သည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်