အမေ့ခံအတိတ်
၁၉၁၅ ခုနှစ်က ရန်ကုန်မြို့
event_note ခေတ်ကာလများပြပုံ

၁၉၁၅

၁၉၁၅ ခုနှစ်က ရန်ကုန်မြို့

Read in English

လွန်ခဲ့သော နှစ်တစ်ရာခန့်က ရန်ကုန်မြို့၏ လူမှုပတ်ဝန်းကျင် အနေအထားကို ပြသော စိတ်ဝင်စားဖွယ်ရာ မြေပုံ ဖြစ်သည်။ မြေပုံအရ အစိုးရအိမ်တော်၏ တောင်ဘက်၊ ဟယ်လ်ပင်လမ်းနှင့် ပဲခူးကလပ်တစ်ဝိုက်မှစ၍ အောက်ဘက် စိန့်ဂျွန်းကောလိပ်နှင့် ကီလီလမ်းအထိသော်လည်းကောင်း၊ ရွှေတောင်ကြားရပ်ကွက် (ထိုစဉ်က ဝင်ဒါမီယာ မရှိသေး)နှင့် ကန်တော်ကြီး၏ မြောက်ဘက်ပိုင်းတွင်လည်ကောင်း မြို့၏ လူကုံထံ အသိုင်းအဝိုင်းတို့ နေထိုင်ကြသည်။ ယောက်လမ်း၊ အတွင်းဝန်များရုံး တစ်ဝိုက်နှင့် အရှေ့ဘက်ရှိ သောမဆင်လမ်း (ယနေ့ ဗိုလ်တထောင်ဘုရားလမ်း) အထိ အင်္ဂလို-အိန္ဒိယများ၊ ပညာရှင် လူတန်းစား၊ မြန်မာလူမျိုး၊ အိန္ဒိယလူမျိုး စသည်တို့ နေထိုင်ရာရပ်ကွက်များ ထူထပ်စွာ ရှိနေကြသည်။

ကမ္ဘာ့မြို့တော် ရန်ကုန် (၁၈၅၃-၁၉၆၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်

© LostFootSteps 2025. All rights reserved.