အမေ့ခံအတိတ်
အမေ့ခံအတိတ်
ရှေးခေတ်ကတည်းက မြန်မာနှင့်ဆက်စပ်မှုရှိခဲ့သော စကော့တလန်ပြည်

late 19th Century

ရှေးခေတ်ကတည်းက မြန်မာနှင့်ဆက်စပ်မှုရှိခဲ့သော စကော့တလန်ပြည်

room United Kingdom

Read in English

၁၉  ရာစုနှောင်းပိုင်းနှင့် ၂၀ ရာစုနှစ် အစောပိုင်းကာလများ အတွင်း ရန်ကုန်မြို့ရှိ ထိတ်ထိတ်ကြဲ ကုမ္ပဏီအများစုမှာ စကော့တလန်လူမျိုး (Scottish) အပိုင်များ ဖြစ်ခဲ့ကြပါသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ဂေါက်သီးရိုက် အားကစားနှင့် ဝီစကီအရက် ရှိနေခြင်းတို့သည် စကော့တလန်ပြည် (Scotland) နှင့် မြန်မာပြည်တို့ အကြား ဆက်ဆံရေး၏ အမွေအနှစ်များဟုပင် ဆိုရပေမည်။ မျိုးရိုးစဉ်ဆက် ရန်ကုန်မြို့တွင် နေထိုင်လုပ်ကိုင်စားသောက်ခဲ့သော စကော့လူမျိုး အရေအတွက် ထောင်ပေါင်းများစွာ ရှိခဲ့သည်။ ကိုလိုနီခေတ်က ရန်ကုန်မြို့ ရှိခဲ့သော ဥရောပသား လူဦးရေ စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းသည် စကော့လူမျိုးများ ဖြစ်သည်။ ရန်ကုန်မြို့ထဲရှိ အဆောက်အအုံဟောင်းများသည် အင်္ဂလိပ်စတိုင် ဖြစ်သည်ဟု လူအများစု ထင်ကြသော်လည်း တိတိကျကျ ပြောရလျှင် စကော့စတိုင်ဟု ဆိုရပါမည်။ ရန်ကုန်မြို့တွင် စကော့တလန်ဟန် ဗိသုကာ လက်ရာ လွှမ်းမိုးမှုရှိခဲ့ပုံကို သက်သေပြနေသည့် အဆောက်အဦ အချို့မှာ (ပုံပါ) ဧရာဝတီ ဖလုတ်တီလာ ကုမ္ပဏီ (Irrawaddy Flotilla Company)၊ အေစကော့ကုမ္ပဏီ (A. Scott Company)၊ ဂရင်းလေဘဏ် (Grindlay's Bank)၊ ဘားမားရေနံ (Burmah Oil)၊ ဘုံဘေဘားမား (Bombay Burmah) တို့ ဖြစ်ကြပါသည်။ ဖြစ်ပါသည်။ ထိုကုမ္ပဏီများ အားလုံးသည် ဂလက်စဂိုမြို့ (Glasgow) မှလာသော စကော့လူမျိုးပိုင် ကုမ္ပဏီများ ဖြစ်ကြသည်။
 Scots Kirk (Scottish Presbyterian Church) ဘုရားကျောင်းသည် သမ္မတရုပ်ရှင်ရုံနှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိဆဲ ဖြစ်သည်။

ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့ရုံးသည် မူလက ဧရာဝတီ ဖလုတ်တီလာ ကုမ္ပဏီရုံး ဖြစ်ခဲ့ပြီး ကုမ္ပဏီကို ဂလက်စ်ဂိုမြို့တွင် ရုံးစိုက်သော တော့ဒ်၊ ဖင်ဒ်လေနှင့် အဖွဲ့ (Todd, Findlay & Co.) က ၁၈၆၅ ခုနှစ်တွင် တည်ထောင်ပေးခဲ့သည်။ ရုံးအဆောက်အဦကို ၁၉၃၃ ခုနှစ်တွင် တည်ဆောက်၍ ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းတွင် တည်ရှိဆဲ ဖြစ်သည်။

ကမ္ဘာ့မြို့တော် ရန်ကုန် (၁၈၅၃-၁၉၆၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်