အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၈၅၄ ခုနှစ်က ကာလကတ္တားမြို့ရောက် မကွေးမြို့စားနှင့် ဆာအာသာဖယ်ယာ
event_note ခေတ်ကာလများပြပုံ

၁၈၅၄

၁၈၅၄ ခုနှစ်က ကာလကတ္တားမြို့ရောက် မကွေးမြို့စားနှင့် ဆာအာသာဖယ်ယာ

room India

people King Mindon Sir Arthur Phayre Myoza of Magwe

Read in English

ပုံမှာ ၁၈၅၄ ခုနှစ်က ကာလကတ္တားမြို့၌ ဆာအာသာဖယ်ယာနှင့် မကွေးမြို့စား တွေ့ဆုံနေပုံကို ရေးဆွဲထားသော ရေဆေးပန်းချီ ဖြစ်သည်။ မင်းတုန်းမင်းကြီး (၁၈၅၂-၁၈၅၃ ခုနှစ်) သည် နန်းတက်ခါစ အစောပိုင်းကာလများက ဒုတိယ အင်္ဂလိပ်-မြန်မာစစ် အတွင်း၌ သိမ်းပိုက်ခံခဲ့ရသော အောက်မြန်မာပြည်ကို ဗြိတိသျှတို့ထံမှ ပြန်လည်ရယူရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ ၁၈၅၄ ခုနှစ်တွင် မင်းတုန်းမင်းကြီးသည် သူ၏ သြဇာအာဏာကြီးသော ဝန်ကြီးများထဲမှ တစ်ဦးဖြစ်သည့် မကွေးမြို့စား (အလွန် သြဇာအာဏာ သက်ရောက်သော မိဖုရားခေါင်ကြီး၏ ဝန်ကြီး) ကို ထိုစဥ်က အိန္ဒိယပြည် ဘုရင်ခံ ဒလဟိုစီနယ်စား (Marquess of Dalhousie) နှင့် တွေ့ဆုံရန် သံတမန် ကိုယ်စားလှယ် အဖြစ် စေလွှတ်ခဲ့သည်။ မကွေးမြို့စားနှင့် အတူ ပဲခူးမြို့၏ အရေးပိုင်မင်းကြီး ဆာအာသာဖယ်ယာ (Sir Arthur Phayre) ကလည်း လိုက်ပါသွားခဲ့သည်။ ထိုစဉ်က ဖယ်ယာသည် မြန်မာပြည် အကြောင်း ကောင်းစွာနားလည်သော ပုဂ္ဂိုလ် ဖြစ်၍ ဘာသာပြန် အဖြစ် ဆောင်ရွက်ပေးခဲ့သည်။ နောင်တွင် ဖယ်ယာသည် အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော ပထမဦးဆုံး မြန်မာသမိုင်းကျမ်းကို ရေးသားပြုစုခဲ့သည်။ မျောက်မျိုးစိတ် တစ်မျိုးကို ပထမဦးဆုံး ရှာဖွေတွေ့ရှိခဲ့သောကြောင့် ဖယ်ယာ၏ အမည်ကို လိုက်၍ ထိုမျောက်မျိုးစိတ်အား Trachypithecus phayrei ဟု အမည်ပေးခဲ့သည်။ ဖယ်ယာလမ်း (Phayre Street) မှာ ယနေ့ ပန်းဆိုးတန်းလမ်း ဖြစ်ပြီး ဒလဟိုစီလမ်း (Dalhousie Street) မှာ ယနေ့ မဟာဗန္ဓုလလမ်း ဖြစ်သည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်