အမေ့ခံအတိတ်
အမေ့ခံအတိတ်
ဂျပန်တို့ လက်နက်ချခြင်း
မဟာမိတ် အင်အားစု၏ ကိုယ်စားလှယ် ဗိုလ်ချုပ်ကြီး ဒေါက်ဂလပ်စ် မက်အာသာ
မဟာမိတ် အင်အားစု၏ ကိုယ်စားလှယ် ဗိုလ်ချုပ်ကြီး ဒေါက်ဂလပ်စ် မက်အာသာ

event_note ခေတ်ကာလများပြပုံ

၂ စက်တင်ဘာ ၁၉၄၅

ဂျပန်တို့ လက်နက်ချခြင်း

people Shigemitsu Mamoru Douglas MacArthur Umezu Yoshijiro

Read in English

၁၉၄၅ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့က အမေရိကန် ရေတပ်သင်္ဘော USS Missouri ပေါ်တွင် ဂျပန်အင်ပါယာ (Empire of Japan) သည် မဟာမိတ်တပ်များ (the Allied) ထံ တရားဝင် လက်နက်ချသည်။ ထိုနေ့က တိုကျိုပင်လယ်အော် (Tokyo Bay) ၌  မဟာမိတ်တပ်၏ စစ်သင်္ဘောများနှင့် ရေငုပ်သင်္ဘောအစီး ၁၀၀ ကျော်ခန့် ရှိနေခဲ့သည်။ မဟာမိတ်အင်အားစု၏ ကိုယ်စားလှယ် အဖြစ် မဟာမိတ်တပ်များ၏ စစ်သေနာပတိ အမေရိကန် တပ်မတော် ဗိုလ်ချုပ်မှူးကြီး ဒေါက်ဂလပ်စ် မက်အာသာ (Douglas MacArthur) က တက်ရောက်ခဲ့သည်။ အမေရိကန် အမျိုးသားမော်ကွန်းတိုက် (US National Archives) ရှိ ဆက်သွယ်ရေးတပ် မှတ်တမ်းများ (Army Signal Corps Collection) တွင် ထိန်းသိမ်းထားသော ဤဓါတ်ပုံတွင် ဂျပန်ဘက်မှ ကိုယ်စားလှယ်များကို ဖော်ပြထားသည်။ ဂျပန်ကိုယ်စားလှယ်များမှာ အရပ်သား အစိုးရ ကိုယ်စားလှယ် အဖြစ် နိုင်ငံခြားရေးဝန်ကြီး မမိုရု ရှိဂဲမစ်စု (Mamoru Shigemitsu) (ရှေ့တန်းမှ ဦးထုပ်အမြင့် ဆောင်းထားသူ) နှင့် တပ်မတော် အထွေထွေ ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရိုရှိဂျီရို အူမဲဇု (Yoshijiro Umezu) (ဝန်ကြီးချုပ်၏ လက်ယာဘက်တွင် ရပ်နေသူ) တို့ တက်ရောက်ခဲ့သည်။

ထိုပုဂ္ဂိုလ် နှစ်ဦးလုံးသည် အရှေ့တိုင်းဆိုင်ရာ နိုင်ငံတကာ စစ်ခုံရုံး (International Military Tribunal for the Far East) တွင် စစ်ခုံရုံး တင်ခံရပြီး စစ်ရာဇဝတ်မှုများ ကျူးလွန်မှုနှင့် အပြစ်ဒဏ် ချမှတ်ခံရသည်။ ဗိုလ်ချုပ်ကြီး အူမဲဇု သည် တစ်သက်တစ်ကျွန်း ချခံရပြီး ဤဓါတ်ပုံ ရိုက်ကူးပြီး လေးနှစ် အကြာတွင် အကျဥ်းထောင်ထဲ၌ ကွယ်လွန်သွားခဲ့သည်။ ဝန်ကြီးချုပ် ရှိဂဲမစ်စုကမူ ဒုတိယကမ္ဘာစစ်တွင် ဂျပန်နိုင်ငံ ပါဝင်မှုကို ပေါ်ပေါ်ထင်ထင် ကန့်ကွက်မှုများနှင့် မဟာမိတ် စစ်သုံ့ပန်းများကို နှိပ်စက်ညှင်းပန်းမှုကြောင့် ထောင်ဒဏ် ခုနစ်နှစ်သာ ချမှတ်ချရသည်။ (ထောင်မှ လွတ်ပြီးနောက်တွင် ဂျပန်နိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သေးသည်။) 

သြဂုတ်လ ၃၀ ရက်နေ့ မတိုင်မီ သုံးရက်အလိုက မြန်မာပြည်တွင် မြန်မာပြည်ဆိုင်ရာ ဂျပန်တပ်မတော်၏ တပ်မှူး ဗိုလ်ချုပ်ကြီး ဟိတာရို ခိမုရာ (Heitarō Kimura) က ဒေသတွင်း လက်နက်ချ ညှိနှိုင်းဆွေးနွေးမှုများကို စတင်ရန် သဘောတူထားပြီး ဖြစ်သည်။ ထိုစဥ်က ဂျပန်တို့သည် လွန်ခဲ့သော ဧပြီလက ရန်ကုန်မြို့ကို စွန့်ခွာလာခဲ့ကြသော စစ်သား ၇ သောင်းခန့်ဖြင့် မော်လမြိုင်မြို့၌ စခန်းချနေခဲ့သည်။ ဗိုလ်ချုပ်ကြီး ခိမုရာသည်လည်း ထိုစစ်ခုံရုံးတွင်ပင် အတင်ခံရပြီး ကြိုးမိန့်ဖြင့် သေဒဏ်ချမှတ်ခံရသည်။ ၁၉၄၈ ခုနှစ်က တိုကျိုမြို့ (Tokyo) ရှိ ဆူဂါမို အကျဥ်းထောင် (Sugamo Prison) တွင် ကြိုးပေးခံရသည်။

ဒုတိယကမ္ဘာစစ်တွင်းကာလ (၁၉၄၂ - ၁၉၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်