အမေ့ခံအတိတ်
မင်းလှတိုက်ပွဲ
event_note ခေတ်ကာလများပြပုံ

၁၇ နိုဝင်ဘာ ၁၈၈၅

မင်းလှတိုက်ပွဲ

people Brigadier General GS White

Read in English

မြန်မာ့သမိုင်းတစ်လျှောက်တွင် ကံဆိုးမိုးမှောင်ကျရသော နေ့တစ်နေ့မှာ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ ဖြစ်သည်။ ဗိုလ်မှူးချုပ် ဂျီအက်စ်ဝှိုက် (GS White) လက်အောက်ရှိ ဗြိတိသျှနှင့် အိန္ဒိယတပ်များသည် မမျှော်လင့်ထားသည့် မြန်မာမြို့စောင့်တပ်၏ ရွပ်ရွပ်ချွံချွံ ပြန်လည်ခုခံခြင်းကို အောင်နိုင်လိုက်ပြီးသည့်နောက် မင်းတပ်ခံတပ်ကို သိမ်းနိုင်ခဲ့သည်။ ယင်းမင်းလှခံတပ်မှာ အီတလီလက်ရာ ဖြစ်သည်။ မြန်မာဘက်မှ စစ်သားတစ်ရာကျော် ကျဆုံးခဲ့သည်။ ဗြိတိသျှတို့ဘက်မှ စက်သေနတ်များ (recoil-operated Maxim guns) ကို ပထမဦးဆုံးအကြိမ် ထုတ်သုံးခြင်း ဖြစ်သည်။ ယင်းတိုက်ပွဲသည် တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ၏ ပထဦးဆုံးနှင့် တစ်ခုတည်းသော တိုက်ပွဲ ဖြစ်သည်။ နိုဝင်ဘာလ အကုန်ပိုင်းတွင် မြန်မာပြည်သည် လွတ်လပ်စွာ မတည်ရှိနိုင်တော့ပေ။ ချီးကျူးစရာကောင်းသည့် အီတလီလက်ရာ ခံတပ်သည် ယနေ့တိုင် မင်းလှမြို့၌ တည်ရှိနေသေးသည်။ ဖော်ပြပါ (သွေးထွက်သံယိုနှင့် ခြောက်ခြားစရာ) ဓါတ်ပုံကို ဧရာဝတီမြစ် အနောက်ဘက်ကမ်းနားတွင် တိုက်ပွဲ ဖြစ်ပြီးနောက် ရိုက်ကူးထားခြင်း ဖြစ်သည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်

© LostFootSteps 2025. All rights reserved.