အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာ-ယူနန်နယ်စပ်မှ စွန့်စားရှာဖွေသူကြီး
event_note ခေတ်ကာလများပြပုံ

၁၄၁၃

မြန်မာ-ယူနန်နယ်စပ်မှ စွန့်စားရှာဖွေသူကြီး

room China

Read in English

ကမ္ဘာ့သမိုင်းတွင် အထင်ကရ ဖြစ်သော စွန့်စွန့်စားစား ခရီးသွား နေရာသစ် ရှာဖွေသူ ပုဂ္ဂိုလ်ကြီးများထဲတွင် မြန်မာ-ယူနန်နယ်စပ်မှ လာသော ပန်းသေး မူဆလင်တစ်ဦးလည်း အပါအဝင် ဖြစ်သည်။ ၁၄၁၃ ခုနှစ်က တရုတ်သင်္ဘောများသည် အာဖရိက (Africa) ကမ်းရိုးတန်း အထိ ပထမဆုံးအကြိမ် ရောက်ရှိသွားခဲ့သည်။ (အပြန်ခရီးတွင် ယင်းတို့သည် မင် (Ming) ဧကရာဇ်ကို ဆက်သရန် လက်ဆောင်ပဏ္ဏာများ သယ်ဆောင်သွားကြရာ သစ်ကုလားအုတ် တစ်ကောင်ပင် ပါသေးသည်။) ဤသည်မှာ ၁၅ ရာစု အစောပိုင်း ဆယ်စုနှစ်များက အလွန် အရေးပါသော ပင်လယ်ခရီးရှည်ကြီး ခုနစ်ခု အနက်မှ စတုတ္ထမြောက် ခရီး ဖြစ်ပြီး ရေတပ်ဗိုလ်မှူး အဖြစ် ဧကရာဇ်၏ အပျိုတော်ထိန်း ဖြစ်သော ကျန့်ဟော် (Zheng He)က တာဝန်ယူလိုက်ပါခဲ့လေသည်။ ခရီးစဉ်တိုင်းတွင် သင်္ဘောများ ရာနှင့်ချီ ပါဝင်သော ရေတပ်အင်အားနှင့် သင်္ဘောသား အယောက် ၃၀,၀၀၀ ခန့် ပါဝင်ခဲ့သည်။ ထိုရေတပ်စုကြီးသည် အင်အားပြ စစ်ဆင်ရေး အတွက် အိန္ဒိယသမုဒ္ဒရာ (Indian Ocean) ကို ကျော်ဖြတ်ကာ စီလုံပြည် (Ceylon)၊ ဆိုမာလီယာနိုင်ငံ (Somalia) သို့ပင် ရောက်ရှိခဲ့ပြီး တရုတ်တို့၏ ကြွယ်ဝချမ်းသာမှုနှင့် တန်ခိုးအာဏာ အကြောင်း သတင်းစကားများ ဖြန့်ဝေခဲ့သည်။

ရေတပ်ဗိုလ်ဗှူး ကျန့်ဟော (မွေးအမည် မာစံဘေ - Ma Sanbao) သည် (တရုတ်တို့ ယူနန်ပြည်ကို မအုပ်ချုပ်မီ) ယူနန်ပြည်ကို အုပ်စိုးခဲ့သော ပါရှားလူမျိုး (Persia) ဆာရိအာဂျာရှမ်စ် အာဒင်အိုမာ အာလ်ဘူခါရီ (Sayyid Ajjal Shams al-Din Omar al-Bukhari) ၏ တွတ် တော်စပ်သူ ဖြစ်သည်။ ထိုမိသားစုသည် မြန်မာ-ယူနန်နယ်စပ်ဒေသများကို မျိုးရိုးစဉ်ဆက် အဆက်ဆက် အုပ်စိုးခဲ့သည်။ ထိုမိသားစု အပါအဝင် အခြားသော ပြောင်းရွှေ့အခြေချ နေထိုင်သော ပါရှားလူမျိုးများနှင့် တူရကီလူမျိုး (Turkish) များသည် ယူနန်ပြည်ရှိ ဟွေ့လူမျိုး (Hui) သို့မဟုတ် ပန်းသေးလူမျိုးများ၏ ပင်မရင်းမြစ် ဖြစ်သည်။ ယင်းမျိုးဆက်မှ ဆင်းသက်လာသူများသည် ပန်ဆန်းမြို့၊ လားရှိုးမြို့၊ မေမြို့၊ မန္တလေးမြို့နှင့် မြန်မာနိုင်ငံ အနှံ့အပြား အပြင် ယူနန်ပြည်နယ်တို့တွင်လည်း နေထိုင်လျက် ရှိကြသည်။

မြန်မာ့ အိမ်နီးချင်းနိုင်ငံများ၏ အတိတ်နှင့် ပစ္စပ္ပုန် မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်