အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာဘုရင် သီပေါမင်း၏ နောက်ဆုံးဓာတ်ပုံ
event_note ခေတ်ကာလများပြပုံ

၅ မတ် ၁၉၁၄

မြန်မာဘုရင် သီပေါမင်း၏ နောက်ဆုံးဓာတ်ပုံ

room India

people King Thibaw

Read in English

ဤသည်မှာ မြန်မာဘုရင် သီပေါမင်း၏ နောက်ဆုံးဓာတ်ပုံဟု သိရသည်။ ၁၉၁၄ ခုနှစ် မတ်လ ၅ ရက်နေ့ ရတနာဂီရိမြို့၌ သမီးတော် မင်းသမီး ၄ ပါး၏ နားထွင်းမင်္ဂလာပွဲ အခမ်းအနား ပြုလုပ်နေစဉ် ရိုက်ကူးထားခြင်းဖြစ်သည်။ ထိုအခမ်းအနားသို့ မန္တလေးမြို့မှ အနုပညာရှင် အမြောက်အမြား သာမက ပုဏ္ဏား၊ နန်းတွင်းအမှုထမ်းများ၊ ဝက်မစွတ်ဝန်ထောက် အပါအဝင် ဝန်ကြီးဟောင်းများ တက်ရောက်ခွင့် ရခဲ့သည်။ နောင် ၂ နှစ်ပင် မပြည့်မီပင် ကျန်းမာရေး ချို့တဲ့နေပြီ ဖြစ်သော နန်းကျဘုရင် သီပေါမင်းသည် အသက် ၅၇ နှစ် အရွယ်တွင် ကံကုန်တော်မူလေသည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရသည့်အချိန်တွင် သူသာ အသက်ရှိနေသေးလျှင် အသက် ၈၉ နှစ်အရွယ် ရှိနေပေလိမ့်မည်။ သီပေါမင်း၏ အဖေတူအမေကွဲ ပျဉ်းမနားမင်းသားမှာမူ ၁၉၆၃ ခုနှစ် ဇွန်လ အထိ အသက်ရှည်ခဲ့ပေသည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်