အမေ့ခံအတိတ်
သီပေါမင်းလက်ထက် ရည်မှန်းချက်များ
event_note ခေတ်ကာလများပြပုံ

နိုဝင်ဘာ ၁၈၇၈

သီပေါမင်းလက်ထက် ရည်မှန်းချက်များ

people Kinwun Mingyi Queen Supayalat King Thibaw Yaw Atwinwun

Read in English

ဤသည်မှာ ရှားရှားပါးပါး တွေ့ရသည့် ငယ်ရွယ်သေးသော သီပေါမင်းနှင့် စုဖုရားလတ်တို့၏ ဓါတ်ပုံ ဖြစ်သည်။ ၁၈၇၈ ခုနှစ် နိုဝင်ဘာလတွင် သီပေါမင်း နန်းတက်ခဲ့သည်။ အာဏာရခါစတွင် တိုင်းပြည်ကို အစွမ်းကုန် ပြုပြင်ပြောင်းလဲလိုသည့် ကင်းဝန်မင်းကြီး ယောအတွင်းဝန်နှင့်တကွ ဥရောပတွင် ခေတ်မီပညာများ သင်ကြားလာကြသူများက ဦးဆောင်ခဲ့ကြပြီး အများက အလွယ်တကူ ယုံကြည်နေကြသလို အားနည်းသည့်အစိုးရ မဟုတ်ခဲ့ပါ။ ထိုစဉ်က သီပေါမင်း လက်ထက်တွင် အနောက်ကမ္ဘာနှင့် ကူးလူးဆက်ဆံပြီး တိုင်းပြည်ကို ခေတ်မီဖွံ့ဖြိုးအောင် တည်ဆောက်လိုစိတ် ထက်သန်ခဲ့ကြသည်။ သို့ရာတွင် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရန် ရည်မှန်းချက် ကြီးကြီးဖြင့် ရေးဆွဲထားသော စီမံကိန်းများကို နန်းတော်နှင့် တပ်မတော် အတွင်းရှိ ရှေးရိုးစွဲဝါဒီများက တစ်နှစ် အတွင်း ဖြိုလှဲဖျက်ဆီးလိုက်သည်။ ဤပုံသည် သီပေါဘုရင်နှင့် မိဖုရား စုဖုရားလတ်တို့၏ ရှားပါးဓာတ်ပုံတစ်ပုံ ဖြစ်သည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်

© LostFootSteps 2025. All rights reserved.