အမေ့ခံအတိတ်
အမေ့ခံအတိတ်
တီပူ၏ ကျားရုပ်
event_note ခေတ်ကာလများပြပုံ

1782

တီပူ၏ ကျားရုပ်

room India

Read in English

ဤ ၁၈ ရာစုလက်ရာ သစ်သားအရုပ်သည် ဥရောပသား (European) စစ်သားတစ်ဦးကို ကျားကိုက်နေဟန် ပြုလုပ်ထားသည်။ ကျောပေါ်ရှိ အစိတ်အပိုင်း တစ်ခုကို ရွှေ့လျှင် စစ်သား၏ လက်များက လှုပ်ရှားလာကာ ညည်းတွားသံ ပြုသည်။ ထိုအရုပ်ကို ၁၇၈၂ ခုနှစ်မှ ၁၇၉၉ ခုနှစ် အတွင်း အိန္ဒိယနိုင်ငံ တောင်ပိုင်းရှိ မိုင်ဆိုးပြည်နယ် (Mysore) ကို အုပ်ချုပ်သော တီပူစူလတန် (Tipu Sultan) အတွက် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ တီပူစူလတန်သည် ဗြိတိသျှ အရှေ့အိန္ဒိယ ကုမ္ဗဏီ (British East India Company) နှင့် စစ်ပွဲ သုံးကြိမ် ဖြစ်ပွားခဲ့သည့် အင်အားကြီးမားသော ရန်သူတစ်ဦး ဖြစ်သည်။ နောက်ဆုံး စစ်ရှုံး၍ သူ၏ မြို့တော်ကို သိမ်းပိုက်ပြီးသောအခါ သူ့နန်းတော်ကို မွှေနှောက်ရှာဖွေစဥ် ဤအရုပ်ကို တွေ့ရှိခဲ့သည်။ “တီပူ၏ကျား” (Tipu’s Tiger) ကို ယခုအခါ လန်ဒန်မြို့ (London) ရှိ ဝိတိုရိယနှင့် အဲလ်ဘတ် ပြတိုက် (Victoria & Albert Museum) တွင် ထိန်းသိမ်းထားပါသည်။

တီပူစူလတန်သည် စစ်ပွဲများတွင် သံအမြှောက်များ ပထမဆုံး စတင်အသုံးပြုသူလည်း ဖြစ်သည်။ ထိုနည်းကို ဗြိတိသျှတို့က ကူးယူကာ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲတွင် အသုံးပြုခဲ့ကြသည်။

မြန်မာ့ အိမ်နီးချင်းနိုင်ငံများ၏ အတိတ်နှင့် ပစ္စပ္ပုန် မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်