အမေ့ခံအတိတ်
အမေ့ခံအတိတ်

ဒုတိယကမ္ဘာစစ်တွင်းကာလ (၁၉၄၂ - ၁၉၄၅)

မြန်မာနိုင်ငံသည် ဒုတိယကမ္ဘာစစ် အတွင်းက အရေးအပါဆုံးသော ကုန်းတွင်းတိုက်ပွဲများ ဖြစ်ပွားရာ ဖြစ်ခဲ့သည်။ စစ်အတွင်းက ဗြိတိသျှတို့ အကြီးအကျယ် အရှက်ရခဲ့ရသည့် စစ်ရှုံးမှုများကို ရင်ဆိုင်ခဲ့ရသော နေရာ ဖြစ်ပြီး မဟာမိတ်တပ်များနှင့် အခြားသော တပ်များ စုပေါင်းအားထုတ်မှုကြောင့်သာ မြန်မာနိုင်ငံကို ဂျပန်တို့၏ လက်တွင်းမှ ပြန်လည်ရယူနိုင်ခဲ့သည်။

အဆုံး၌ မဟာမိတ်တပ်များက မြန်မာနိုင်ငံတွင် အောင်ပွဲခံနိုင်ခဲ့သော်လည်း နိုင်ငံမှာ အပျက်အစီးပုံထဲတွင် ကျန်ခဲ့လေသည်။ ထို့မတိုင်မီက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး အတွက် အားထုတ်ထားသမျှ နိုင်ငံရေး တိုးတက်မှုများလည်း သဲထဲရေသွန် ဖြစ်ခဲ့ရပြီး ယနေ့တိုင် နိုင်ငံကို လွှမ်းမိုးနေဆဲ ဖြစ်နေသည့် လက်နက်ကိုင် အမျိုးသားရေးသာ အဖတ်တင်ကျန်ခဲ့သည်။

ဤအပိုင်းတွင် ပါဝင်သည့် ဆောင်းပါးများ၊ ဇာတ်လမ်းများ၊ ဓါတ်ပုံများနှင့် စစ်ဆင်ရေး စီမံကိန်းများက ကမ္ဘာ့စစ်ကြီး၊ ထိုခေတ်အခါက မြန်မာနိုင်ငံ၏ စစ်သမိုင်းနှင့် အပျက်အစီးပုံထဲမှ မွေးဖွားလာသည့် ဒေသတွင်း နိုင်ငံရေး အကြောင်းများကို သုံးသပ်ဆွေးနွေးထားသည်။

စစ်တောင်းမြစ်ကွေ့တိုက်ပွဲ

၁၉၄၅ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့မှ သြဂုတ်လ ၇ ရက်နေ့ အထိ စစ်တောင်းမြစ်ကွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ၁၉၄၅ ခုနှစ် မေလတွင် ရန်ကုန်မြို့ကို မဟာမိတ်တပ်များ (the Allied) က ပြန်လည်သိမ်းယူလိုက်နိုင်ပြီး များမကြာမီ ဗိုလ်ချုပ်ကြီး ဟိတာရို ခိမုရာ (Heitarō Kimura) လက်အောက်ရှိ အမှတ် ၁၅၊...

အပြည့်အစုံ ဖတ်ရန်

ရန်ကုန်မြို့ကို မဟာမိတ်တို့ ပြန်လည်သိမ်းပိုက်စဥ်

၁၉၄၅ ခုနှစ် မေလ ၂ ရက်နေ့တွင် ကုလသမဂ္ဂတပ်များ (United Nations forces) သည် (ဒရက်ကူလာ စစ်ဆင်ရေး - Operation Dracula ဖြင့်) ရန်ကုန်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း (United Nations Charter) ကို နောင် ၅ လကြာမှ အတည်ပြုလိုက်သော်လည်း ၁၉၄၂ ခုနှစ်...

အပြည့်အစုံ ဖတ်ရန်