အမေ့ခံအတိတ်
အမေ့ခံအတိတ်

ဒုတိယကမ္ဘာစစ်တွင်းကာလ (၁၉၄၂ - ၁၉၄၅)

မြန်မာနိုင်ငံသည် ဒုတိယကမ္ဘာစစ် အတွင်းက အရေးအပါဆုံးသော ကုန်းတွင်းတိုက်ပွဲများ ဖြစ်ပွားရာ ဖြစ်ခဲ့သည်။ စစ်အတွင်းက ဗြိတိသျှတို့ အကြီးအကျယ် အရှက်ရခဲ့ရသည့် စစ်ရှုံးမှုများကို ရင်ဆိုင်ခဲ့ရသော နေရာ ဖြစ်ပြီး မဟာမိတ်တပ်များနှင့် အခြားသော တပ်များ စုပေါင်းအားထုတ်မှုကြောင့်သာ မြန်မာနိုင်ငံကို ဂျပန်တို့၏ လက်တွင်းမှ ပြန်လည်ရယူနိုင်ခဲ့သည်။

အဆုံး၌ မဟာမိတ်တပ်များက မြန်မာနိုင်ငံတွင် အောင်ပွဲခံနိုင်ခဲ့သော်လည်း နိုင်ငံမှာ အပျက်အစီးပုံထဲတွင် ကျန်ခဲ့လေသည်။ ထို့မတိုင်မီက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး အတွက် အားထုတ်ထားသမျှ နိုင်ငံရေး တိုးတက်မှုများလည်း သဲထဲရေသွန် ဖြစ်ခဲ့ရပြီး ယနေ့တိုင် နိုင်ငံကို လွှမ်းမိုးနေဆဲ ဖြစ်နေသည့် လက်နက်ကိုင် အမျိုးသားရေးသာ အဖတ်တင်ကျန်ခဲ့သည်။

ဤအပိုင်းတွင် ပါဝင်သည့် ဆောင်းပါးများ၊ ဇာတ်လမ်းများ၊ ဓါတ်ပုံများနှင့် စစ်ဆင်ရေး စီမံကိန်းများက ကမ္ဘာ့စစ်ကြီး၊ ထိုခေတ်အခါက မြန်မာနိုင်ငံ၏ စစ်သမိုင်းနှင့် အပျက်အစီးပုံထဲမှ မွေးဖွားလာသည့် ဒေသတွင်း နိုင်ငံရေး အကြောင်းများကို သုံးသပ်ဆွေးနွေးထားသည်။

ဒုတိယကမ္ဘာစစ်ဘေး စစ်ဒဏ်ထိ မြန်မာပြည်

ဒုတိယကမ္ဘာစစ်တွင်းက အမေရိကန် (American)၊ အင်္ဂလိပ် (English)၊ အိန္ဒိယ (India)၊ တရုတ် (Chinese)၊ ဂျပန် (Japanese) နှင့် အခြားစစ်သား ငါးသိန်းကျော်မျှတို့သည် မြန်မာပြည်တွင် တိုက်ပွဲဝင်ခဲ့ကြပြီး မြို့ကြီးမြို့ငယ် တစ်ခုမကျန်၊ သင်္ဘောဆိပ်ကမ်း၊ လေဆိပ်၊ ဘူတာရုံ၊ ရေနံတွင်းများနှင့် စက်ရုံ အားလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ရသည်။ စစ်သား ၂၀၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး ပြည်သူများစွာလည်း...

အပြည့်အစုံ ဖတ်ရန်

မြန်မာပြည်မှ ဂေါ်ရခါးလူမျိုးတို့ အကြောင်း

မြန်မာနိုင်ငံတွင် နီပေါလူမျိုး (Nepali) မှ ဆင်းသက်လာသော လူပေါင်း ၃၀၀,၀၀၀ ကျော် နေထိုင်လျက် ရှိသည်။ အများစုမှာ ဗြိတိသျှလက်ထက် အတွင်းက မြန်မာပြည်၌ တပ်စွဲခဲ့သော ဂေါ်ရခါးစစ်သားများမှ ဆင်းသက်လာသည့် မျိုးဆက်များ ဖြစ်သည်။ ၁၈ ရာစု အလယ်ပိုင်းတွင် ဂေါ်ရခါးပြည်ထောင်မင်း ပရီသရီနာရာရံရှား (Prithvi Narayan Shah) က ကတ်မန်ဒူ မြစ်ဝှမ်း...

အပြည့်အစုံ ဖတ်ရန်

ခရစ္စမတ်အမီ ရန်ကုန်မြို့သို့ ရောက်လာသည့် ဒုတိယကမ္ဘာစစ်မီး

၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နှင့် ခရစ္စမတ်နေ့တွင် ဂျပန်အင်ပါယာ (Japanese Empire) သည် ရန်ကုန်မြို့ကို ပထမဦးဆုံး ဝင်ရောက်တိုက်ခိုက်သည်။ နာကာဂျိမာ (Nakajima) တိုက်လေယာဉ် အစီး ၃၀ ခြံရံလျက် ဂျပန်ပြည်လုပ် မစ်ဆူဘီရှီ ကီ-၂၁ (Mitsubishi Ki-21) ဗုံးကြဲလေယာဉ် အစီး ၈၀ ကျော်သည် ထိုင်းနိုင်ငံ (Thailand)...

အပြည့်အစုံ ဖတ်ရန်

ရန်ကုန်မြို့ကို ဂျပန်ရန်မှ ခုခံပေးခဲ့သည် ကျားပျံများ

၁၉၄၁ ခုနှစ် ဒီဇင်ဘာလတွင် ရန်ကုန်မြို့ကို ဂျပန်တို့ရန်မှ ကာကွယ်ပေးမည့်  “ကျားပျံများ (Flying Tigers)” မင်္ဂလာဒုံလေဆိပ်သို့ ရောက်ရှိလာခဲ့သည်။ ကျားပျံလေယာဉ်များသည် အင်အားချင်း မမျှသည့်တိုင် ရန်ကုန်မြို့ ကောင်းကင်ယံတွင် ရန်သူ့လေယာဉ်အစီး ၅၀ ခန့်ကို ပစ်ချနိုင်ခဲ့သည်။ (ယင်းတို့ဘက်မှ ၁၀ စီးသာ ကျခဲ့သည်။)  အမှတ် ၁ အမေရိကန် စေတနာ့ဝန်ထမ်း တပ်ဖွဲ့ (American Volunteer Group)...

အပြည့်အစုံ ဖတ်ရန်

မြစ်ကြီးနားမြို့ကို ပြန်လည်သိမ်းပိုက်ခြင်း

၁၉၄၂ ခုနှစ် ဒီဇင်ဘာလတွင် မဟာမိတ် (the Allied) တို့၏ အမှတ် ၁၄ အိန္ဒိယတပ်မတော်သည် မေရုကျွန်းဆွယ် (Mayu peninsula) ကို ဂျပန် (Japanese) တို့လက်မှ ပြန်လည်သိမ်းပိုက်ရန် ကြိုးပမ်းနေခဲ့သည် (မအောင်မြင်ခဲ့ပါ)။ တစ်ချိန်တည်းမှာပင် ဗြိတိသျှ (British) နှင့် ဂေါ်ရခါး (Gurkha) အထူးတပ်ဖွဲ့များ ("ခြင်္သေ့များ - the...

အပြည့်အစုံ ဖတ်ရန်

ရန်ကုန်ကျခြင်း

နှစ်လခွဲမျှ ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ၁၉၄၂ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့သည် ဂျပန် (Japanese) လက်အောက်သို့ ကျရောက်သွားခဲ့သည်။ ဂျပန် စစ်လေယာဉ်များ ဗုံးကြဲမှုကြောင့် အရပ်သား ၂,၀၀၀ ခန့် အသက်ဆုံးရှုံးပြီး လူပေါင်း ၄၀၀,၀၀၀ ခန့် စစ်ပြေးဒုက္ခသည် ဖြစ်ကြရသည်။ ကိုလိုနီအာဏာပိုင်တို့က မြို့မှ မထွက်ခွာမီ မြို့တော်၏ သင်္ဘောကျင်းများ၊...

အပြည့်အစုံ ဖတ်ရန်

ရန်ကုန်မြို့ကို ကာကွယ်ရန် နောက်ဆုံးအားထုတ်မှု

၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလက ရန်ကုန်မြို့တွင် အကြီးအကျယ် ဗုံးကြဲခံထားရသော မြို့ထဲဧရိယာနှင့် ဆိပ်ကမ်းများမှသည် သိန်းချီသော စစ်ဘေးဒုက္ခသည်များ မြို့ကို စွန့်ခွာပြေးကုန်ကြသဖြင့် အတော်ပင် ဂယက်ထနေခဲ့သည်။ ဓါတ်အားလိုင်းများက ပျက်စီးကုန်ပြီး စားနပ်ရိက္ခာကလဲ ရှားပါးသည်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် စင်ကာပူ (Singapore) သည် ဂျပန် (Japanese) တို့၏ လက်အောက်သို့ ကျသွားခဲ့သည်။ ဖေဖော်ဝါရီလ...

အပြည့်အစုံ ဖတ်ရန်

မန္တလေးမြို့ကို ဂျပန်တို့ သိမ်းပိုက်ခဲ့စဉ်

၁၉၄၂ ခုနှစ် ဧပြီလ ၃ ရက်နေ့ ညပိုင်းအချိန်တွင် ဂျပန် မစ်ဆူဘီရှီ (Japanese Mitsubishi) ဗုံးကြဲလေယာဉ်များ သည် မြို့တော်ဟောင်းကို မီးလောင်ဗုံးများ ကြဲချပြီး တိုက်ခိုက်ရာ တစ်မြို့လုံး မီးတဟုန်းဟုန်း တောက်လောင်တော့သည်။ မန္တလေးမြို့ရှိ အဆောက်အဦ သုံးပုံ နှစ်ပုံခန့် ပျက်စီးသွားသည်။ သေဆုံးသူ ၈,၀၀၀ ခန့်ပင် ရှိမည်ဟု မှန်းဆထားပြီး ထိခိုက်ဒဏ်ရာ...

အပြည့်အစုံ ဖတ်ရန်

သြစတြေးလျတို့ မြန်မာ့သမိုင်းကို မည်သို့ ပြောင်းလဲစေခဲ့သနည်း?

၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဂျပန်စစ်တပ် (Japanese army) သည် ရန်ကုန်မြို့ကို စတင်ဗုံးကြဲသည်။ ထို့နောက် ဂျပန်တပ်များသည် ထိုင်း-မြန်မာနယ်စပ်ကို ကုန်းကြောင်း ဖြတ်ကျော်ချီတက်လာကာ ဇန်နဝါရီလကုန်တွင် မော်လမြိုင်မြို့ကို သိမ်းလိုက်သည်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဗြိတိသျှ (British) တို့၏ "ထိုးဖောက်ရန် မဖြစ်နိုင်သော" အရှေ့တိုင်း ခံတပ်ကြီး ဖြစ်သည့်...

အပြည့်အစုံ ဖတ်ရန်

ဂျပန်တို့လက်အောက် မော်လမြိုင်ကျခြင်း

၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ဒုတိယ ဗိုလ်ချုပ်ကြီး ရှိုဂျီယို အီဒါ (Lt. General Shojiro Iida) ခေါင်းဆောင်သော အမှတ် ၁၅ ဂျပန်တပ်မတော်အောက်ရှိ အမှတ် ၅၅ တပ်မသည် မော်လမြိုင်မြို့ကို ဝင်တိုက်သည်။ ဂျပန်တို့၏ အဓိကရည်ရွယ်ချက်မှာ ရန်ကုန်မြို့မှ ချန်ကေရှိတ် (Chiang Kai-shek) ၏တရုတ်ပြည်သို့ သွားသည့်...

အပြည့်အစုံ ဖတ်ရန်

လားရှိုးတိုက်ပွဲ

၁၉၄၂ ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် ဂျပန်အင်ပါယာ တပ်မတော် (Japanese imperial army) ၏ အမှတ် ၅၆ တပ်မတော်သည် ကူမင်တန် (Kuomintang) တို့၏ “တရုတ် ကျူးကျော်တပ်ပေါင်းစု (မြန်မာပြည်)" ကို အနိုင်ရပြီး လားရှိုးမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ ငါးနာရီကြာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားပြီးနောက် လားရှိုးတစ်မြို့လုံး မီးလောင်ပြာကျခဲ့ရသည်။...

အပြည့်အစုံ ဖတ်ရန်

၁၉၄၃ ခုနှစ် ဒေါက်တာဘမော် ဂျပန်သို့ ရောက်ရှိစဉ်

၁၉၄၃ ခုနှစ် မတ်လက ဒေါက်တာဘမော်သည် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဟီဒဲခိ တိုဂျို (Hideki Tojo) အပါအဝင် အခြားသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် (သခင်မေ၊ ဦးသိန်းမောင်နှင့် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် အတူ) ဂျပန်နိုင်ငံ (Japan) သို့ ဆိုက်ရောက်လာခဲ့သည်။ နောင်ငါးလ အကြာတွင် ဒေါက်တာဘမော်သည် ဝင်ရိုးတန်းနိုင်ငံ အင်အားစု (Axis Powers) ၏...

အပြည့်အစုံ ဖတ်ရန်

“ဂျပန်တွေကို ဝေးဝေးရှောင်”

၁၉၄၃ ခုနှစ်ဝန်းကျင်က မြန်မာနိုင်ငံကို ဗုံးကြဲရခြင်းမှာ မြန်မာတို့ကို မဟုတ်ဘဲ ဂျပန်များ အတွက်သာ ရည်ရွယ်ကြောင်းကို မြန်မာရွာသားများအား ရှင်းပြထားသည့် အမေရိကန်လေတပ်မှ ဖြန့်ဝေသော လက်ကမ်းစာစောင် ဖြစ်သည်။

အပြည့်အစုံ ဖတ်ရန်

ကိုင်ရိုညီလာခံ

မဟာမိတ် (Allied) ခေါင်းဆောင်များ ဖြစ်ကြသည့် အမေရိကန် သမ္မတ ဖရန်ကလင် ရိုစဗဲ့ (US President Franklin Roosevelt)၊ ဗြိတိသျှ ဝန်ကြီးချုပ် ဝင်စတန်ချာချီ (British Prime Minister Winston Churchill) နှင့် တရုတ်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချန်ကေရှိတ် (China's Generalissimo Chiang Kai-shek) တို့...

အပြည့်အစုံ ဖတ်ရန်

တစ်ချိန်က နိုင်ငံတော်အလံ

လက်ရှိ မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် သုံးရောင်ခြယ် အလံကို ၁၉၃၀ ပြည့်နှစ်များက ဒို့ဗမာအစည်းအရုံး (အမျိုးသားရေး အဖွဲ့အစည်း) မှ စတင်အသုံးပြုခဲ့သည်။ မူလက ၁၉၁၉ ခုနှစ် အိုင်ယာလန်သမ္မတနိုင်ငံ (Irish Republic) ၏ အလံကို နမူနာယူထားခြင်း ဖြစ်သည်။ ဒို့ဗမာ အစည်းအရုံးက အလံ၏ ဗဟိုချက်တွင် ဒေါင်းရုပ်ကို ထည့်ခဲ့သော်လည်း နောင်တွင် လက်ဝဲဝါဒီများက...

အပြည့်အစုံ ဖတ်ရန်

သမိုင်းဝင် မြစ်ကြီးနားတိုက်ပွဲ

၁၉၄၄ ခုနှစ် မေလ ၁၇ ရက်နေ့တွင် ကချင်နှင့် မဟာမိတ် (Allied) တပ်ဖွဲ့များ အားဖြည့်မှုဖြင့် တရုတ် (China) နှင့် အမေရိကန် (American) တပ်များ (မယ်ရစ်လ်၏ ဖောက်ထွင်းသူများ (Merill’s Marauders) တပ်ဖွဲ့ အပါအဝင်) သည် မြစ်ကြီးနားမြို့ကို ဂျပန်တို့၏ လက်ထဲမှ ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။ ယင်းမှာ ဒုတိယကမ္ဘာစစ်ကြီး...

အပြည့်အစုံ ဖတ်ရန်

အင်ဖာနှင့် ကိုဟီမာ တိုက်ပွဲများ

သမိုင်းမော်ကွန်းတင်သည့် အင်ဖာ (Imphal) နှင့် ကိုဟီမာ (Kohima) တိုက်ပွဲများသည် ၁၉၄၄ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် စတင်ခဲ့ပြီး ၁၉၄၄ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် မဟာမိတ်တို့က အနိုင်ရကာ ပြီးဆုံးသွားခဲ့သည်။ ထိုစစ်ပွဲနှစ်ခုကို စတာလင်ဂရတ် (Stalingrad) တိုက်ပွဲကဲ့သို့ပင် ဒုတိယကမ္ဘာစစ် အနေအထားကို ပြောင်းလဲခဲ့သည့် အလားတူ အာရှတိုက်ပွဲများဟု...

အပြည့်အစုံ ဖတ်ရန်

၁၉၄၄ ခုနှစ်က ကချင်ပြည်နယ်တွင် တွေ့ရသော အမေရိကန်စစ်သားတစ်ဦး

၁၉၄၄ ခုနှစ် မတ်လက ရိုက်ကူးခဲ့သည့် ဤဓါတ်ပုံတွင် အမေရိကန်စစ်သား ဝိန်းမာတင် (Wayne Martin) က ကလေးငယ်တစ်ဦးအား ပီကေ ပေးနေသည်ကို တွေ့ရသည်။ တပ်သားမာတင်သည် ဂျပန်တို့ကို ခုခံသည့် အမေရိကန် အထူးတပ်ဖွဲ့ ဖြစ်သော "မယ်ရစ်လ်၏ ဖောက်ထွင်းသူများ (Merrill’s Marauders)" တပ်ဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး ဟူးကောင်းတောင်ကြားဒေသရှိ ဝလောဘန်စခန်းကို အောင်မြင်စွာ...

အပြည့်အစုံ ဖတ်ရန်

၁၉၄၄ ခုနှစ်က မြန်မာပြည်

၁၉၄၄ ခုနှစ်၊ မတ်လမှ ဧပြီလ အထိ ဂျပန် (Japanese) တပ်ခွဲ သုံးခုနှင့် ဆူဘတ်ချန်ဒရာဘို့စ် (Subhas Chandra Bose) ခေါင်းဆောင်သည့် အိန္ဒိယအမျိုးသား တပ်ခွဲ (Indian National Army) တစ်ခုသည် အင်ဖာ (Imphal) နှင့် ကိုဟီမာ (Kohima) မြို့တို့တွင် ဗြိတိသျှ (British) နှင့် အိန္ဒိယ...

အပြည့်အစုံ ဖတ်ရန်

ဂျပန်တို့ လက်နက်ချခြင်း

၁၉၄၅ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့က အမေရိကန် ရေတပ်သင်္ဘော USS Missouri ပေါ်တွင် ဂျပန်အင်ပါယာ (Empire of Japan) သည် မဟာမိတ်တပ်များ (the Allied) ထံ တရားဝင် လက်နက်ချသည်။ ထိုနေ့က တိုကျိုပင်လယ်အော် (Tokyo Bay) ၌  မဟာမိတ်တပ်၏ စစ်သင်္ဘောများနှင့် ရေငုပ်သင်္ဘောအစီး ၁၀၀...

အပြည့်အစုံ ဖတ်ရန်

ရန်ကုန်မြို့ အစိုးရအိမ်တော်၌ ဂျပန်ဗိုလ်ချုပ်ကြီး တရားဝင် လက်နက်ချစဉ်

၁၉၄၅ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က ရန်ကုန်မြို့ရှိ အစိုးရအိမ်တော်၌ မြန်မာပြည်ဆိုင်ရာ ဂျပန်တပ်မတော်၏ ခေတ္တ ကာကွယ်ရေး ဦးစီးချုပ် ဂျပန် (Japanese) ဗိုလ်ချုပ်ကြီး အီချိဒါဂျီရို (Ichida Jiro) သည် ဗြိတိသျှ (British) ဗိုလ်မှူးချုပ် အီးအက်ဖ်အီး အမ်းစထရောင်း (E.F.E Armstrong) ရှေ့မှောက်တွင် တရားဝင် လက်နက်ချသည်။ (ဗိုလ်မှူးချုပ်...

အပြည့်အစုံ ဖတ်ရန်

၁၉၄၅ ခုနစ်က မြန်မာပြည်ကို ပြန်လည်သိမ်းပိုက်နိုင်ခြင်း

ထိုစဉ်က ဝင်ရိုးစွန်းတန်း အင်အားစု (Axis Powers) တို့သည် အရပ်ရပ်တွင် အရေးနိမ့်နေချိန် ဖြစ်သည်။ ဗြိတိသျှ (British) နှင့် အမေရိကန် (American) တပ်များသည် ရိုင်းမြစ် (Rhine) ကို ကျော်ဖြတ်ချီတက်လာခဲ့ပြီး အင်အား ၂ သန်းကျော် ရှိသော ဆိုဗီယက် (Soviet) တပ်များက ပိုလန်နိုင်ငံ (Poland) ကို သိမ်းပိုက်ကာ...

အပြည့်အစုံ ဖတ်ရန်

လီဒိုလမ်းမကြီး (သို့) စတီးဝဲလ်လမ်းမကြီး

လီဒိုလမ်းမကြီး (ခေါ်) စတီးဝဲလ်လမ်းမကြီး (Ledo or Stillwell Road) ကို ၁၉၄၅ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အပြီးသတ်နိုင်ခဲ့သည်။ ထိုလမ်းမကြီးသည် ကချင်တောင်တန်းဒေသကို ဖြတ်သန်းကာ အာသံပြည် (Assam) ရှိ လီဒိုမြို့ (Ledo) နှင့် ယူနန်ပြည် (Yunnan)၊ ကူမင်းမြို့ (Kunming) တို့ကို ဆက်သွယ်ထားသည်။ မြန်မာနိုင်ငံမှ တစ်ဆင့် အိန္ဒိယနိုင်ငံ...

အပြည့်အစုံ ဖတ်ရန်

ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ပျဉ်းမနားမြို့

၁၉၄၅ ခုနှစ် ဧပြီလ ၂၀ ရက်နေ့က အမှတ် ၅ အိန္ဒိယ တပ်မတော် ဦးဆောင်သော မဟာမိတ်တပ်များသည် ပျဉ်းမနားမြို့ (ယခု နေပြည်တော်)ကို သိမ်းပိုက်နိုင်ခဲ့သည်။ ထိုနေရာတွင် အမှတ် ၃၃ ဂျပန် (Japanese) တပ် အခြေစိုက်နေခဲ့ပြီး ထိုတပ်၏တပ်မှူး ဗိုလ်ချုပ်ကြီး မာဆာကီ ဟွန်ဒါ (Masaki Honda) မှာ မှောင်ကြီးမဲကြီးထဲ...

အပြည့်အစုံ ဖတ်ရန်

ဒုတိယဗိုလ်ချုပ်ကြီး စလင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ အကြား ဆက်ဆံရေး

၁၉၄၅ ခုနှစ် မေလ ၁၅ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းသည် အောင်လံမြို့မှ ဧရာဝတီမြစ်ကို ဖြတ်ကူးခဲ့သည်။ မေလ ၁၆ ရက်နေ့တွင် မိတ္ထီလာမြို့သို့ လေယာဉ်ဖြင့် ခရီးဆက်ကာ အမှတ် ၁၄ ဗြိတိသျှ တပ်မတော်၏ ဒုတိယဗိုလ်ချုပ်ကြီး ဝီလီယံ စလင်း (Lt. General William Slim)နှင့် ပထမဆုံး အကြိမ် တွေ့ဆုံခဲ့သည်။ အမှတ်...

အပြည့်အစုံ ဖတ်ရန်

ရန်ကုန်မြို့တွင် ကင်းလှည့်နေသော ဗြိတိသျှတပ်

ရန်ကုန်မြို့မှ ဂျပန် (Japanese) တို့ ဆုတ်ခွာသွားသည်မှာ နေ့ရက် အနည်းငယ်မျှသာ ရှိသေးသည့်အချိန် ၁၉၄၅ ခုနှစ် မေလ၏ ရက်သတ္တပတ်တစ်ခုတွင် ရန်ကုန်မြို့ထဲတွင် ကင်းလှည့်နေသော အမှတ် ၁၄ ဗြိတိသျှ တပ်မတော် (အမှတ် ၁၇ အိန္ဒိယတပ်ခွဲ ဖြစ်နိုင်) မှ တပ်သားများ၏ ဓါတ်ပုံ ဖြစ်သည်။ စစ်ဒဏ်ထိထားသော အိန္ဒိယနိုင်ငံ ဗဟိုဘဏ်ခွဲ (Reserve...

အပြည့်အစုံ ဖတ်ရန်

စစ်ဒဏ်ထိ ရန်ကုန်မြို့

၁၉၄၅ ခုနှစ် မေလ ပထမပတ်တွင် အမှတ် ၁၇ နှင့် အမှတ် ၂၆ အိန္ဒိယ (Indian) တပ်ခွဲများ ဦးဆောင်သော မဟာမိတ်တပ်များသည် ရန်ကုန်မြို့ကို ဂျပန် (Japanese) တို့လက်ထဲမှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ ဂျပန်တပ်များကမူ မော်လမြိုင်မြို့သို့ ထွက်ပြေးဆုတ်ခွာသွားခဲ့လေသည်။ ထိုရက်သတ္တပတ်တွင်ပင် အဒေါ့ဖ်ဟစ်တလာ (Adolf Hitler) သည်  မိမိကိုယ်ကို အဆုံးစီရင်သွားပြီး ဂျာမနီ...

အပြည့်အစုံ ဖတ်ရန်

ရွှေတိဂုံဘုရားလမ်းတလျှောက် အောင်ပွဲခံချီတက်နေသော မဟာမိတ်တပ်များ

ဂျပန်အင်ပါယာ (Japanese Empire) ကို စစ်နိုင်သည့်အတွက် အရှေ့တောင်အာရှ မဟာမိတ်တပ်ပေါင်းစု စစ်သေနာပတိ ဗိုလ်ချုပ်ကြီး လော့ဒ်လူဝီမောင့်ဘက်တန်(Lord Louis Mountbatten) ခေါင်းဆောင်သော မဟာမိတ်တပ်ဖွဲ့များ၏ အောင်ပွဲခံ စစ်ရေးပြပွဲကို ၁၉၄၅ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က ပြုလုပ်သည်။  အောင်ပွဲခံအခမ်းအနားတွင် လော့ဒ်လူဝီမောင့်ဘက်တန်နှင့်အတူ တက်ရောက်အလေးပြုခဲ့သော မဟာမိတ် စစ်ခေါင်းဆောင်များတွင် ထိုမတိုင်ခင်ကမှ "ဒုတိယ စစ်ဆေးရေးမှူး"...

အပြည့်အစုံ ဖတ်ရန်

မန္တလေးတောင်ပေါ် တိုက်ပွဲ

ဖော်ပြပါပုံသည် မန္တလေးတောင် တိုက်ပွဲ ဖြစ်ပွားစဉ် အမှတ် ၁၁ ဆစ်ခ် (Sikh) တပ်ရင်းမှ တပ်သားများ ပုံ ဖြစ်သည်။ မန္တလေးတောင်ပေါ်တွင် မဟာမိတ်တို့၏ အမှတ် ၁၉ အိန္ဒိယတပ်ခွဲနှင့် ခုခံသူ ဂျပန်အင်ပါယာတပ်တို့ အကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားကြပြီး ၁၉၄၅ ခုနှစ် မတ်လတွင် ဗြိတိသျှလူမျိုး (British)၊ ဂေါ်ရခါးလူမျိုး (Gurkha)၊...

အပြည့်အစုံ ဖတ်ရန်

တပ်မတော်နေ့

၁၉၄၅ ခုနှစ် မတ်လတွင် ဗမာ့အမျိုးသားတပ်မတော် (ဘီအန်အေ) မှ ဂျပန် (Japanese) တို့ကို တော်လှန်၍ မဟာမိတ် (the Allies) တို့နှင့် ပူးပေါင်းရန် ကြမ္မာငင်သော ဆုံးဖြတ်ချက် ချလိုက်သည့်နေ့ကို တပ်မတော်နေ့ အဖြစ် မှတ်တွင်ပါသည်။  မတ်လ ၂၇ ရက်နေ့က ရန်ကုန်မြို့တွင် စစ်ရေးပြပြီးနောက် ဗမာ့အမျိုးသားတပ်မတော်သည် မြို့ပြင်သို့ ချီတက် ထွက်ခွာသွားပြီး...

အပြည့်အစုံ ဖတ်ရန်