အမေ့ခံအတိတ်
အမေ့ခံအတိတ်
ကုလသမဂ္ဂတွင် ထူးချွန်စွာ တင်ပြခဲ့သည့် ဦးမြင့်သိန်း
event_note ခေတ်ကာလများပြပုံ

၁၄ ဧပြီ ၁၉၅၃

ကုလသမဂ္ဂတွင် ထူးချွန်စွာ တင်ပြခဲ့သည့် ဦးမြင့်သိန်း

room Switzerland

people Justice U Myint Thein James Barrington General Li Mi

Read in English

၁၉၅၃ ခုနှစ် ဧပြီလ ၁၄ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးတွင် တရားသူကြီး ဦးမြင့်သိန်းသည် တရုတ်ကူမင်တန်တပ်များ (Kuomintang) ကျူးကျော်မှုကို မြန်မာအစိုးရက တုံ့ပြန်ခဲ့ပုံများကို တင်ပြခဲ့သည်။ 

ထို့မတိုင်မီ လွန်ခဲ့သော နှစ်အနည်းငယ်က ကူမင်တန် ဗိုလ်ချုပ်ကြီး လိမိ (Li Mi) ဦးဆောင်သည့် တပ်သားအယောက် ၁၀,၀၀၀ ကျော် ပါဝင်သော အမျိုးသားရေးတပ်များသည် မြန်မာပြည်တွင်းသို့ ကျူးကျော်ဝင်ရောက်လာခဲ့သည်။ အမေရိကန်၏ ထောက်လှမ်းရေး အကူအညီ ("စက္ကူ စစ်ဆင်ရေး၊ Operation Paper") ဖြင့် အနောက်ဘက်သို့ ချီတက်လာပြီး သံလွင်မြစ်ကို ဖြတ်ကျော်ကာ ရှမ်းပြည်နယ်များ အထိ ထိပါးလာခဲ့သည်။ ကူမင်တန်တပ်များသည် ဘိန်းရောင်းဝယ်မှု အကြီးအကျယ် ပြုလုပ်ရန်လည်း စီစဉ်နေခဲ့လေသည်။ ထိုအချိန်တွင် ကွန်မြူနစ်နှင့် အခြားသော လက်နက်ကိုင် ပုန်ကန်သူများကို ရင်ဆိုင်နေရသော မြန်မာတပ်မတော်သည် ကူမင်တန် ကျူးကျော်မှုကို ပိုင်ပိုင်နိုင်နိုင် မထိန်းသိမ်းနိုင်ဘဲ ရှိရာ တိုင်းပြည်၏ သက်တမ်းနုသေးသော ဒီမိုကရေစီစနစ်ပါ ယိုင်နဲ့လာခဲ့ပြီး ထိုဖြစ်ရပ်၏ အကျိုးသက်ရောက်မှုများသည် ယနေ့ထိတိုင် ရှိနေဆဲ ဖြစ်သည်။ 

ဦးမြင့်သိန်း၏ ထူးချွန်သော တင်ပြချက် ကို မြန်မာတို့ မမေ့အပ်ပေ။ ပုံထဲတွင် ဦးမြင့်သိန်းနှင့် နောက်တွင် ထိုင်နေသူမှာ ထက်မြက်သော မြန်မာသံမှူး ဂျိမ်းစ်ဘယ်ရင်တန် (James Barrington) ဖြစ်သည်။ သူသည် ထိုစဉ်က မြန်မာနိုင်ငံ၏ ကုလသမဂ္ဂ ကိုယ်စားလှယ် ဖြစ်ပြီး နောင်တွင် နိုင်ငံခြားရေး အတွင်းဝန် ဖြစ်လာခဲ့သည်။

ပြည်တွင်းပြည်ပ ၁၉၅၀ ပြည့်နှစ်များ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်