အမေ့ခံအတိတ်
ကုလသမဂ္ဂနေ့

event_note ခေတ်ကာလများပြပုံ

၂၄ အောက်တိုဘာ ၁၉၄၈

ကုလသမဂ္ဂနေ့

Read in English

အောက်တိုဘာလ ၂၄ ရက်နေ့သည် ကမ္ဘာ့ ကုလသမဂ္ဂနေ့ ဖြစ်သည်။ ၁၉၄၅ ခုနှစ်တွင် (အင်အားကြီး ငါးနိုင်ငံ ဖြစ်သော တရုတ်နိုင်ငံ (China)၊ ပြင်သစ်နိုင်ငံ (France)၊ အင်္ဂလန်နိုင်ငံ (United Kingdom)၊ အမေရိကန်ပြည်ထောင်စု (United States) နှင့် ဆိုဗီယက်ပြည်ထောင်စု (Soviet Union) တို့ သဘောတူကြောင်း အတည်ပြု လက်မှတ်ရေးထိုးပြီးနောက်) ကုလသမဂ္ဂအဖွဲ့ကြီး၏ ပဋိညာဉ်စာတမ်း အတည်ပြုသည့်နေ့ကို ကုလသမဂ္ဂနေ့ဟု အထိမ်းအမှတ်ပြု သတ်မှတ်ခဲ့သည်။ နောင် နှစ်နှစ်ကျော်ခန့် အကြာတွင် မြန်မာပြည် လွတ်လပ်ရေး ရသည်။ 

ပုံတွင် ဖော်ပြထားသည့် စာမှာ အိုင်စီအက်စ် ဦးစိုးညွှန့် (ထိုစဉ်က ဝါရှင်တန်မြို့ (Washington) ရောက် မြန်မာသံအမတ်ကြီး) က မြန်မာနိုင်ငံကို ကုလသမဂ္ဂ  အဖွဲ့ဝင် အဖြစ် ခွင့်ပြုပေးရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ထရာဗီလီ (Trygvie Lie) ထံသို့ တရားဝင် ပေးပို့ခဲ့သော လျှောက်လွှာ ဖြစ်သည်။ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ် အထိ မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့တွင် တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များ အတွက် တပ်စုများပင် စေလွှတ်ခဲ့သေးသည်။ ဓါတ်ပုံတွင် ၁၉၆၀ ပြည့်နှစ်က ကွန်ဂိုနိုင်ငံသို့ စေလွှတ်ခဲ့သည့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များတွင် ပါဝင်ခဲ့သည့် မြန်မာ တပ်အရာရှိများကို မြင်တွေ့နိုင်သည်။

လွတ်လပ်ရေးခေတ်နှင့် ပြည်တွင်းစစ်ကာလ (၁၉၄၅ - ၁၉၅၁) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်

© LostFootSteps 2025. All rights reserved.