အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာတို့သည် ခေတ်ကာလများကို အဘယ်ကြောင့် သက္ကရာဇ် ဟုခေါ်ကြသနည်း?

မြန်မာတို့သည် ခေတ်ကာလများကို အဘယ်ကြောင့် သက္ကရာဇ် ဟုခေါ်ကြသနည်း?

Read in English

မြန်မာတို့သည် ခေတ်ကာလများကို သက္ကရာဇ်ဟု သုံးနှုန်းကြသည်။ ထိုစကားလုံးသည် အိန္ဒိယစကား သက္ကရာဇ - saka-raj မှ လာသည်။ "သက္ကရာဇ" ဟူသည် “သက္ကမင်း၊ သက္ကဘုရင်” ဟု အဓိပ္ပါယ်ရသည်။ သက္ကလူမျိုးများ သို့မဟုတ် အင်ဒို-ဆစ်သီယန်း (Indo-Scythians) များသည် အာရှအလယ်ပိုင်းဒေသမှ လူမျိုးစု တစ်ခု ဖြစ်ပြီး လွန်ခဲ့သော နှစ် ၂၀၀၀ ခန့်က ယနေ့ ပါကစ္စတန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ မြောက်ပိုင်းဒေသများတွင် အုပ်ချုပ်မင်းမူခဲ့ကြသည်။ သက္ကလူမျိုးများသည် ရှေးခေတ် ဂရိလူမျိုးများက ဆိုင်သီယမ်း (Scythians) များဟု စုပေါင်းရည်ညွှန်းသော မြက်ခင်းလွင်ပြင် လူမျိုးများနှင့် ဆက်နွယ်နေကြသည်။ သူတို့ခေတ် မတိုင်မီက ဂရိ-အိန္ဒိယနွယ် (Greco-Indian) ဘုရင်များ၏ ယဉ်ကျေးမှုကလည်း ထိုလူမျိုးအပေါ်  များစွာ လွှမ်းမိုးမှု ရှိခဲ့သည်။ သူတို့၏ အထင်ရှားဆုံး ဘုရင်မှာ ဗုဒ္ဓဘာသာဝင် မင်းကြီး ကနစ်ရှ်ကာ (Kanishka) ဖြစ်သည်။ သူသည် မဟာသက္ကရာဇ ဖြစ်ပြီး (အေဒီ ၇၈ မှ စတင်သည့်) သူအုပ်စိုးခဲ့သည့် ခေတ်ကာလသည် မဟာသက္ကရာဇ် ဖြစ်လာသည်။ ကနစ်ရှ်ကာမင်းကြီး ပိုင်ဆိုင်ခဲ့သည့် ဂေါတမဗုဒ္ဒ၏ အရိုးဓါတ်တော်များ ဌာပနာထားသော ရတနာကျောက်စီကြုတ်ကို မန္တလေးတောင်ခြေတွင် ပြသထားသည်။ ဖော်ပြပါပုံမှာ ကနစ်ရှ်ကာမင်းကြီး လက်ထက်မှ ဂန္ဓာရတိုင်း လက်ရာ ဗောဓိသတ္တ ရုပ်တု ဖြစ်သည်။

မြန်မာနှစ် သို့မဟုတ် ကောဇာသက္ကရာဇ် (အေဒီ ၆၃၈ ခုမှ စတင်သည်) ကိုမူ ပုဂံခေတ်က စတင် အသုံးပြုခဲ့သည်။ ယင်းနောက် ၁၉ ရာစုနှစ် တစ်လျှောက် ယနေ့ခေတ် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ကောဇာသက္ကရာဇ်ကို ကျယ်ပြန့်စွာ အသုံးပြုလာခဲ့ကြသည်။ ထိုင်းနိုင်ငံတွင်မူ ပို၍ငယ်သော သို့မဟုတ် စူဠသက္ကရာဇ် (chula Saka-raj) ဟု ခေါ်ဝေါ်သည်။ ထိုသို့နှင့် သက္ကရာဇ် ဟူသော စကားလုံးသည် သက္ကဘုရင် ကနစ်ရှ်ကာမင်းကြီး လက်ထက် ခေတ်အခါကို ရည်ညွှန်းခြင်း မဟုတ်တော့ဘဲ ခေတ်ကာလများကို ဆိုလိုသည့် အဓိပ္ပါယ် ဖြစ်လာသည်။

သမိုင်းမတွင်မီနှင့် ရှေးခေတ် သမိုင်းကြောင်း မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်