အမေ့ခံအတိတ်
အမေ့ခံအတိတ်
အလောင်းဘုရား ပဲခူးမြို့ကို သိမ်းပိုက်နိုင်ကာ ဟံသာဝတီပြည် ပျက်သုဉ်းသွားခြင်း
event_note ခေတ်ကာလများပြပုံ

၅ မေ ၁၇၅၇

အလောင်းဘုရား ပဲခူးမြို့ကို သိမ်းပိုက်နိုင်ကာ ဟံသာဝတီပြည် ပျက်သုဉ်းသွားခြင်း

Read in English

၁၇၅၇ ခုနှစ် မေလ ၅ ရက်နေ့တွင် အလောင်းမင်းတရား၏တပ်များ လက်အောက်သို့ ပဲခူးမြို့ ကျရောက်သွားခဲ့သည်။ ဤသို့ဖြင့် ဧရာဝတီမြစ်ဝှမ်း အထက်ပိုင်းနှင့် အောက်ပိုင်းဒေသတို့အကြား စစ်ပွဲအဆုံးသတ်ခဲ့သည်။ ဟံသာဝတီတိုင်း ပျက်သုဉ်းသွားခဲ့ပြီးနောက် ကုန်းဘောင်မင်းဆက်သည် မြန်မာပြည်ကို အုပ်စိုးသူရှင်ဘုရင်များ ဖြစ်လာခဲ့သည်။ ဤစစ်ပွဲသည် ကီဘက်နယ် (Quebec) မှ ပိုမက်ရာနီယာနယ် (Pomerania)၊ ဘင်္ဂလားပြည် (Bengal) တို့အထိ တိုက်ပွဲများစွာဖြစ်ခဲ့သော ကမ္ဘာလုံးဆိုင်ရာ ခုနစ်နှစ်စစ်ပွဲကြီးနှင့် ဆက်စပ်နေခဲ့သည်။ မြန်မာပြည်တွင် ကုန်းဘောင်အနွယ်တို့ကို ဗြိတိသျှတို့က ကူညီထောက်ပံ့ခဲ့ပြီး မွန်ဘုရင်ဗညားဒလ အုပ်စိုးသော ဟံသာဝတီပြည်ကိုမူ ပြင်သစ်တို့နှင့် မြန်မာအင်ပါယာတည်ထောင်လိုခဲ့သော ယင်းတို့၏ဘုရင်ခံချုပ် ဂျိုးဆက်-ဖရန်ဇွာဒူပလေ (Joseph-François Dupleix)တို့က အကူအညီပေးခဲ့သည်။

ပုံတွင် အရှေ့အိန္ဒိယကုမ္ဗဏီမှ ရောဘတ်ကလိုက်ဗ် (Robert Clive) နှင့် မီဂျဖာ (Mir Jaffar) တို့ကို ပလေစီတိုက်ပွဲ (Plassey) တွင် အင်္ဂလိပ်တို့ အနိုင်ရပြီးနောက် တွေ့ရပုံ ဖြစ်သည်။ ထိုစစ်ပွဲသည် ပဲခူးကျဆုံးသွားပြီး တစ်လအကြာ ၁၇၅၇ ခုနှစ် ဇွန်လတွင် ဖြစ်ပွားခဲ့သည်။

ခေတ်သစ်ကာလ မြန်မာနှင့် ကမ္ဘာ့ရေးရာ ဆက်နွယ်မှုများ (အေဒီ ၉၀၀ မှ ၁၈၂၄) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်