အမေ့ခံအတိတ်
အမေ့ခံအတိတ်

ခေတ်သစ်ကာလ မြန်မာနှင့် ကမ္ဘာ့ရေးရာ ဆက်နွယ်မှုများ (အေဒီ ၉၀၀ မှ ၁၈၂၄)

ဧရာဝတီ မြစ်ဝှမ်းဒေသတွင် မြန်မာဘာသာ ပြောဆိုသုံးစွဲသည့် လူမျိုးစုများသည် မွန်လူမျိုး၊ ရှမ်းလူမျိုး၊ ရခိုင်လူမျိုး စသည်တို့နှင့် စတင်၍ အတူယှဥ်တွဲ နေထိုင်လာကြသည့် ခေတ်သစ်မြန်မာပြည်သည် ယနေ့ခေတ် မြန်မာပြည်နှင့် အနည်းငယ် တူလာခဲ့သည်။ အိမ်နီးနားချင်း ဖြစ်သည့် အိန္ဒိယပြည်၊ တရုတ်ပြည်တို့နှင့် သာမက အာရှဒေသရှိ အခြားသော တိုင်းပြည်များနှင့်လည်း ဆက်ဆံမှုများ ရှိလာပြီး ၁၅၀၀ ပြည့်နှစ်များတွင် ဥရောပနိုင်ငံများနှင့်ပါ အဆက်အသွယ် ရှိလာခဲ့သည်။ တိုင်းပြည်များ တည်ထောင်လိုက်၊ ပြိုလဲလိုက် ဖြစ်နေခဲ့သော ထိုခေတ်ကာလတွင် မင်းနေပြည်နှင့် ဝေးလံသည့် တောင်ပေါ်ဒေသများ၌ ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် တည်ရှိနေခဲ့သည့် ရာချီသော ဒေသများသည် လွတ်လပ်စွာ တည်ရှိခဲ့ကြသည်။ ထိုခေတ်က မြန်မာပြည်သည် ကမ္ဘာ့စီးပွားရေးရပ်ဝန်းနှင့်လည်း စတင် ချိတ်ဆက်မိသွားခဲ့ပြီး ယိုးဒယားပြည်၊ မဂိုမင်းများ၏ အိန္ဒိယပြည်၊ မင်မင်းဆက် လက်ထက် တရုတ်ပြည် စသော အခြား အရပ်ရပ်မှ နိုင်ငံရေး ပြောင်းလဲမှုများ၏ ရိုက်ခတ်မှုကို စတင် တွေ့ကြုံလာရသည်။ 

ဤအပိုင်းတွင် အစီရင်ခံရသော ပေါ်တူဂီလူမျိုး စစ်ဘုရင်မှသည် မေ့ပျောက်ခံ အိန္ဒိယလူမျိုး ရုက္ခဗေဒ ပန်းချီဆရာ၊ ရန်ကုန်မြို့ အထက်တန်းလွှာတွင် ကျင်လည်ခဲ့ကြသည့် အာမေးနီးယန်းလူမျိုးများ စသည်ဖြင့် ကမ္ဘာအရပ်ရပ်နှင့် ဆက်စပ်နေမှုများကို ဖော်ပြထားသည်။ အခြားသော ဘာသာစကားများမှ ချေးငှားထားသော စကားလုံး အသုံးအနှုန်းများနှင့် ယနေ့တိုင် တွေ့မြင်နိုင်သေးသည့် ဗိသုကာ လက်ရာများသည် မြန်မာပြည်နှင့် ယဥ်ကျေးမှု ဖလှယ်ခဲ့ခြင်းများ၏ အထောက်အထားများ ဖြစ်သည်။ ထို့အပြင် မြန်မာပြည်၏ နယ်နိမိတ်များ ပြောင်းလဲလျှက် ရှိနေသောကြောင့် အချို့သော ဇာတ်ကြောင်းများက ပူးပေါင်း ပါဝင်လာသလို ကွယ်ပျောက်သွားသည့် ဇာတ်ကြောင်းများလည်း ရှိလာခဲ့သည်။

Historic Events

မြန်မာပြည်ရှိ အာမေးနီးယန်းလူမျိုးများ

မြန်မာနိုင်ငံတွင် လူသိနည်းသော်လည်း စိတ်ဝင်စားစရာ ကောင်းသည့် အသိုင်းအဝိုင်းများထဲတွင် အာမေးနီးယန်းလူမျိုးများလည်း ပါဝင်သည်။ အာမေးနီးယန်းတို့သည် ၁၆၁၀ ပြည့်နှစ်ခန့်ကတည်းကပင် ပါရှားပြည်မှ မြန်မာပြည်သို့ ပြောင်းရွှေ့ အခြေစိုက် နေထိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံရှိ ပထမဦးဆုံးသော အာမေးနီယန်းလူမျိုးများ၏ အုတ်ဂူများတွင် ၁၇၂၅ ခုနှစ်ဟု ရက်စွဲ တပ်ထားသည်ကို တွေ့ရသည်။ အဝနေပြည်တော်တွင် အာမေးနီးယန်း-မြန်မာလူမျိုး ရာနှင့်ချီကာ တာဝန်ထမ်းဆောင်ခဲ့ပြီး အမရပူရမြို့၊ မန္တလေးမြို့၊...

အပြည့်အစုံ ဖတ်ရန်

မြန်မာပြည်၏ ဂျူးလူမျိုးများ

မြန်မာနိုင်ငံရှိ လူသိအနည်းဆုံးသော လူနည်းစု အသိုင်းအဝိုင်းများ အနက် တစ်စုမှာ မြန်မာဂျူးလူမျိုးများ ဖြစ်ကြသည်။ လွန်ခဲ့သော နှစ်ရာပေါင်းများစွာကပင် မြန်မာနိုင်ငံတွင် ဂျူးလူမျိုးများ နေထိုင်ခဲ့ကြမည်ဟု ယူဆရသည်။ မြန်မာ့သမိုင်းတွင် ပထမဆုံး ပါဝင်သော ဂျူးလူမျိုးမှာ (၁၇၅၅ ခုနှစ်ဝန်းကျင်က) အလောင်းဘုရား၏ စစ်တပ်တွင် အရာရှိ အဖြစ် အမှုထမ်းခဲ့သူမှာ ဆော်လမွန်ဂါဘရီယိုလ် (Solomon Gabriol) ဖြစ်သည်။  မော်လဒိုနိုင်ငံဖွား...

အပြည့်အစုံ ဖတ်ရန်

ဘုရင့်နောင်၏ ၁၅၈၀ ပြည့်နှစ်က ရခိုင်ပြည်ကို သိမ်းပိုက်ရန် ကြိုးပမ်းမှု

၁၅၈၀ ပြည့်နှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ဘုရင့်နောင်သည် ရခိုင်ပြည်ကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက် သိမ်းပိုက်ခဲ့သည်။ ထီးနန်း အထွတ်အထိပ် ရောက်နေချိန်တွင် တောင်ငူဘုရင်သည် အနောက်အရပ်ရှိ မဏိပူရပြည်မှ စကာ ရှမ်းပြည်နယ်များကို ဖြတ်ကျော်၍ လင်ဇင်းပြည်အထိ အာဏာဖြန့်ကျက်နိုင်ခဲ့သည်။ ရခိုင်ပြည်တစ်ခုသာ သိမ်းပိုက်မခံရဘဲ ကျန်ရှိနေခဲ့သည်။  မုတ္တမမင်းသား သီရိသုဓ္ဓမရာဇာ ခေါင်းဆောင်၍ ခြေလျင်တပ်သား အယောက် ၂၄၀၀၀၊...

အပြည့်အစုံ ဖတ်ရန်

ဗိုလ်မင်းရာဇာများ

အကြောင်းအားလျော်စွာ ဘုရင့်နောင်မင်းတရားမှ တိုက်ရိုက်ဆင်းသက်သော မျိုးဆက်တစ်ခုသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တရားဝင် ရုံးစိုက်ခွင့် အမွေကို ရရှိထားသည်။ ၁၅၉၉ ခုနှစ်တွင် ရခိုင်ဘုရင်က ပဲခူးမြို့ကို တိုက်ခိုက်အောင်နိုင်ပြီးနောက် (ဘုရင့်နောင်၏ သား ဖြစ်သည့်) နန္ဒဘုရင်၏ သားတော်  တစ်ဦးကို စစ်တကောင်းနယ် တစ်ဝိုက်ကို အုပ်ချုပ်စေခဲ့သည်။ ထိုသူ၏ အမည်မှာ မောင်စောဖြူ ဖြစ်ပြီး ၁၆၃၁ ခုနှစ်ထိ စစ်တကောင်းနယ်ကို အုပ်ချုပ်ခဲ့သည်။...

အပြည့်အစုံ ဖတ်ရန်

အလောင်းဘုရား ပဲခူးမြို့ကို သိမ်းပိုက်နိုင်ကာ ဟံသာဝတီပြည် ပျက်သုဉ်းသွားခြင်း

၁၇၅၇ ခုနှစ် မေလ ၅ ရက်နေ့တွင် အလောင်းမင်းတရား၏တပ်များ လက်အောက်သို့ ပဲခူးမြို့ ကျရောက်သွားခဲ့သည်။ ဤသို့ဖြင့် ဧရာဝတီမြစ်ဝှမ်း အထက်ပိုင်းနှင့် အောက်ပိုင်းဒေသတို့အကြား စစ်ပွဲအဆုံးသတ်ခဲ့သည်။ ဟံသာဝတီတိုင်း ပျက်သုဉ်းသွားခဲ့ပြီးနောက် ကုန်းဘောင်မင်းဆက်သည် မြန်မာပြည်ကို အုပ်စိုးသူရှင်ဘုရင်များ ဖြစ်လာခဲ့သည်။ ဤစစ်ပွဲသည် ကီဘက်နယ် (Quebec) မှ ပိုမက်ရာနီယာနယ် (Pomerania)၊ ဘင်္ဂလားပြည် (Bengal) တို့အထိ တိုက်ပွဲများစွာဖြစ်ခဲ့သော...

အပြည့်အစုံ ဖတ်ရန်

ဖိလစ်ဒီဘရစ်တို၏ ဘဝနိဂုံး

၁၆၁၃ ခုနှစ် ဧပြီလတွင် စစ်ဘုရင် ဖိလစ်ဒီဘရစ်တိုအဲနီကုတ် (Fillipe de Brito e Nicote, မြန်မာတို့က ငဇင်ကာဟု ခေါ်ကြသည်။) သည် သန်လျင်မြို့၌ တံကျင်ထိုးကာ ကွပ်မျက်ခံရသည်။ သူသည် စိတ်ဝင်စားဖွယ် ကောင်းသော ပေါ်တူဂီလူမျိုး စွန့်စားသူ ဖြစ်သည်။ ငယ်စဉ်က လစ်စ်ဘွန်မြို့ (Lisbon) ၌ ချို့ချို့တဲ့တဲ့ ကြီးပြင်းခဲ့ရသည်။ ရခိုင်ဘုရင်ထံတွင်...

အပြည့်အစုံ ဖတ်ရန်

မြန်မာနိုင်ငံမှ ဘရင်ဂျီလူမျိုးများ

မြန်မာနိုင်ငံတွင် အသေးငယ်ဆုံးသော အသိုင်းအဝိုင်းများထဲမှ တစ်ခု ဖြစ်သော်လည်း စိတ်ဝင်စားစရာ အတော်ကောင်းသည့် ခရစ်ယာန် ဘာသာဝင်တစ်စုမှာ (ရွှေဘိုမြို့အနီးရှိ) မူးမြစ်ဝှမ်းမှ ဘရင်ဂျီလူမျိုးများ ဖြစ်သည်။ ဘရင်ဂျီဟူသော စကားလုံးသည် အာရပ်ဘာသာစကားဖြင့် အနောက်ဥရောပသားဟု အဓိပ္ပာယ်ရသော ဖာရင်ဂီ (Feringi) (သို့မဟုတ်) ဖရန့် (Frank) မှ လာသည့် အသုံးအနှုန်းကွဲ တစ်မျိုး ဖြစ်သည်။ ထိုင်းစကားဖြင့် ဖာရန် (Farang) ၊...

အပြည့်အစုံ ဖတ်ရန်

စစ်ဘုရင် ဘုရင့်နောင်

အထင်ကရ မြန်မာ့စစ်ဘုရင် ဘုရင့်နောင် (ငယ်မည် ရဲထွဋ်) ကို ၁၅၁၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်တွင် မွေးဖွားခဲ့သည်။ ဧရာဝတီ မြစ်ဝှမ်းဒေသမှသည်၊ တိုင်စကားပြောသူများ နေထိုင်ရာ တောင်ပေါ်ဒေသများကို ကျော်ဖြတ်ကာ ချောင်ဖရာမြစ်ဝှမ်း အရှေ့ဘက်ရှိ ဒေသများထိ ကျယ်ပြန့်ပြီး လူမျိုးပေါင်းစုံ ပါဝင်သည့် ဘုရင့်နောင်၏ ပိုင်နက်ကြီးသည် အရှေ့တောင်အာရှဒေသ ဒေသတခွင်လုံးကို လွှမ်းခြုံထားခဲ့သည်။ (ဂျီအီးဟာဗေး၏...

အပြည့်အစုံ ဖတ်ရန်

ကောင်းတုံစာချုပ်

၁၇၆၉ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကောင်းတုံစာချုပ် ချုပ်ဆိုကာ တရုတ်-မြန်မာ စစ်ပွဲ (၁၇၆၅-၁၇၆၉) ပြီးဆုံးသွားခဲ့သည်။ မြန်မာ့စစ်သည်များသည် ချင်မင်းဆက် (မန်ချူး) တို့၏ ကျူးကျော်မှုကို လေးကြိမ်တိုင် အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ကြသည်။ စတုတ္ထအကြိမ်တွင် တရုတ်ဘုရင် ချင်းလုံ (Qianlong) က တပ်အင်အား ခြောက်သောင်း အထိ အသုံးပြုပြီး မြန်မာပြည်ကို သိမ်းပိုက်ရန်...

အပြည့်အစုံ ဖတ်ရန်

ကိုးကန့်ဒေသ မူလအစ

ကိုးကန့်ဒေသ (လက်ရှိ "ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ") ၏ သမိုင်းကြောင်းမှာ အလွန်ပင် စိတ်ဝင်စားစရာ ကောင်းလှပေသည်။ ၁၆၀၀ ပြည့်နှစ် အလယ်ပိုင်းကာလတွင် တရုတ်ပြည်၏ မင်မင်းဆက်သည် ကျူးကျော်ဝင်ရောက်လာသော မန်ချူးတို့၏ လက်အောက်သို့ ကျရောက်သွားသည်။ နောက်ဆုံး မင် ဧကရာဇ်ဘုရင် (ကွေ့မင်းသားဟု လူသိများသော ရုန်လဲ့ဧကရာဇ်)သည် ယူနန်ပြည်သို့ ထွက်ပြေးတိမ်းရှောင်ပြီး နောက်ပိုင်းတွင် နယ်စပ်ဖြတ်ကျော်ကာ အင်းဝနေပြည်တော်ထိ ရောက်လာခဲ့သည်။ အသစ်တက်သော...

အပြည့်အစုံ ဖတ်ရန်