အမေ့ခံအတိတ်
အမေ့ခံအတိတ်
သီပေါမင်း၏ အမည်မသိ ဝန်ကြီးတစ်ပါး
event_note ခေတ်ကာလများပြပုံ

1880s

သီပေါမင်း၏ အမည်မသိ ဝန်ကြီးတစ်ပါး

Read in English

၁၈၇၀ ခုနှစ် နှောင်းပိုင်းနှင့် ၁၈၈၀ခုနှစ် အစောပိုင်း မင်းပြောင်းမင်းလွှဲ ကာလတွင် မည်သူက ပြုပြင်ပြောင်းလဲရေးသမား စစ်စစ်၊ မည်သူက ပြုပြင်ပြောင်းလဲရေး ကိုဆန့်ကျင်သူဟူ၍ ငြင်းခုံမှုများ ဖြစ်ခဲ့ဖူးပါသည်။ ရှေးရိုးစွဲဝါဒီများ ဖြစ်သော တိုင်တားမင်းကြီးနှင့် အပေါင်းအပါတို့ကို ထိပ်တိုက်ရင်ဆိုင်ကာ ယောမင်းကြီးဦးဖိုးလှိုင်နှင့် ဝက်မစွပ်ဝန်ထောက်တို့က တိုင်းပြည်ကို ခေတ်မီတိုးတက်အောင် ပြုပြင်မည်ဟု တွန်းအားပေးခဲ့ကြသည်။ ပုံတွင် မန္တလေးကျဆုံးပြီးနောက် သီပေါမင်း၏ အမည်မသိ ဝန်ကြီးတစ်ပါးကို တွေ့မြင်နိုင်ပါသည်။ ဝန်ကြီး ဝတ်ဆင်ထားသော အင်္ကျီမှာ ယနေ့ခေတ် မြန်မာအမျိုးသားများ ဝတ်သည့် တိုက်ပုံ၏ ရှေ့ပြေးဖြစ်သည်။ ချင်မင်းဆက် (Qing dynasty) မန်ချူးမြင်းစီးသမားများ၏ အပေါ်ဝတ်အင်္ကျီမှ ဆင်းသက်လာသော အင်္ကျီ ဖြစ်ပါသည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်