အမေ့ခံအတိတ်
အမေ့ခံအတိတ်
ကောင်းတုံစာချုပ်
event_note ခေတ်ကာလများပြပုံ

၁၇၆၅ - ၂၂ ဒီဇင်ဘာ ၁၇၆၉

ကောင်းတုံစာချုပ်

room China

Read in English

၁၇၆၉ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကောင်းတုံစာချုပ် ချုပ်ဆိုကာ တရုတ်-မြန်မာ စစ်ပွဲ (၁၇၆၅-၁၇၆၉) ပြီးဆုံးသွားခဲ့သည်။ မြန်မာ့စစ်သည်များသည် ချင်မင်းဆက် (မန်ချူး) တို့၏ ကျူးကျော်မှုကို လေးကြိမ်တိုင် အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ကြသည်။ စတုတ္ထအကြိမ်တွင် တရုတ်ဘုရင် ချင်းလုံ (Qianlong) က တပ်အင်အား ခြောက်သောင်း အထိ အသုံးပြုပြီး မြန်မာပြည်ကို သိမ်းပိုက်ရန် အပြင်းအထန် ကျူးကျော် တိုက်ခိုက်ခဲ့သော်လည်း မြန်မာတို့က တိုက်ထုတ်နိုင်ခဲ့သည်။ ချင်မင်းဆက်၏ အကြီးမားဆုံး ရှုံးနိမ့်မှုပင် ဖြစ်သည်။ 

ချင်တပ်မတော်တွင် ရုရှားပြည် နယ်စပ်မှ ခေါ်ဆောင်လာသည့် မန်ချူးများ၊ မွန်ဂိုများနှင့် ဟန်တရုတ်စသည့် သစ္စာခံတပ်များ ပါသည်။ မြန်မာတပ်များကို စစ်သေနာပတိ မဟာသီဟသူရက ဦးဆောင်ပြီး ဘုရင့် အမြှောက်တပ်ဗိုလ် ပြင်သစ်လူမျိုး ပီရယ်ဒီမီလတ် (Pierre De Millard) လည်း ပါဝင်သည်။

ပန်းချီကားမှာ ဘုရင့်သားမက် တစ်ဖြစ်လဲ ယူနန်ပြည်နယ်နှင့် ကွေ့ကျိုးပြည်နယ်တို့၏ မင်းကြီးလည်း ဖြစ်သော မင်ယွီ (Mingrui) ၏ ပုံ ဖြစ်သည်။ တရုတ်တို့၏ အောင်မြင်လုလု ဖြစ်ခဲ့သည့် တတိယမြောက် ကျူးကျော်စစ်ကို ဦးဆောင်သူ ဖြစ်သည်။ မြန်မာ့စစ်တပ်များက သူ့ကို တိုက်ထုတ်နိုင်ခဲ့သည့်အခါတွင် မင်ယွီ၏တပ်များ မေမြို့အထိ ရောက်လာနိုင်ခဲ့သည်။ မင်ယွီသည် မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်။ 

စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ချင်မင်းဆက်က မြန်မာပြည်ကို မသိမ်းပိုက်နိုင်ခဲ့သော်လည်း ၁၉ ရာစု ကျော်လွန်လာသည့်အခါ မြန်မာအမျိုးသားများသည် မန်ချူး မြင်းစီးအင်္ကျီ၊ မြန်မာအခေါ် တိုက်ပုံ ကို စတင်ဝတ်ဆင်လာကြခြင်းပင် ဖြစ်သည်။

ခေတ်သစ်ကာလ မြန်မာနှင့် ကမ္ဘာ့ရေးရာ ဆက်နွယ်မှုများ (အေဒီ ၉၀၀ မှ ၁၈၂၄) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်