ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅)
မြန်မာပြည်၏ နောက်ဆုံးသော မင်းဆက်တွင် တိုင်းပြည်သည် အကျယ်ပြန့်ဆုံး ဖြစ်ခဲ့ပြီး ယနေ့ခေတ် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသများမှသည် ယနေ့ခေတ် လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့ အထိ ကျယ်ပြန့်ခဲ့သည်။ ၁၈ ရာစုနှင့် ၁၉ ရာစုနှောင်းပိုင်းများက ကုန်းဘောင်မင်း အဆက်ဆက် လက်ထက်များ၌ ယနေ့ခေတ်တွင် "ရိုးရာ" ဟု သတ်မှတ်ကြသည့် အနုပညာနှင့် ဗိသုကာလက်ရာများ ပေါ်ပေါက်လာခဲ့သည်။ အရှေ့အရပ်ရှိ ရှမ်းပြည်တွင် စော်ဘွားများက မိမိတို့၏ နယ်အသီးသီးကို အုပ်ချုပ်ကြပြီး ဧရာဝတီမြစ်ဝှမ်းဒေသရော၊ တရုတ်နိုင်ငံ၊ ယူနန်ပြည်တို့နှင့်ပါ ချိတ်ဆက်မှုများ ရှိခဲ့သည်။
သို့သော် ၁၉ ရာစုနှစ် အလယ်ပိုင်းတွင်မူ ဗြိတိသျှအိန္ဒိယပြည်နှင့် အကြိမ်ကြိမ် စစ်ဖြစ်ပွားခဲ့ရာ အဆုံးတွင် မြန်မာပြည် ကျဆုံးခဲ့ရသည်။ တိုင်းတပါး၏ ကျူးကျော်ထိပါးမှုကို ရင်ဆိုင်နေရစဉ်တွင် ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီတိုးတက်ရေး အတွက် အရေးတကြီး ဆောင်ရွက်ခဲ့သော်လည်း ဗြိတိသျှတို့ တိုင်းပြည်ကို သိမ်းပိုက်လိုက်သောအခါ ထိုအားထုတ်မှုများ အဆုံးသတ်သွားခဲ့ရသည်။
ဤအပိုင်းတွင် ကုန်းဘောင်ခေတ်မှ စတင်၍ ယနေ့တိုင် တည်မြဲနေသည့် ရိုးရာဓလေ့များ အပြင် ပြုပြင်ပြောင်းလဲရေး ကာလမှ မေ့လျော့နေကြသည့် ဇာတ်ကြောင်းများ ပုဂ္ဂိုလ်များနှင့် ကိုလိုနီ အုပ်ချုပ်ရေးသို့ ကျရောက်သွားပုံများကို ဖော်ပြထားသည်။

၁၈၈၁ ခုနှစ်က ပဲခူးမြို့ရှိ ရွှေသာလျောင်းဘုရား
Read more
၁၉ ရာစုနှောင်းပိုင်းက မြန်မာအမျိုးသားများ၏ ဝတ်စုံ
Read more
သာယာဝတီမင်းလက်ထက် ရန်ကုန်မြို့
Read more
၁၈၅၅ ခုနှစ် အောက်တိုဘာလက ဦးပိန်တံတား မြင်ကွင်း
Read more
၁၈၅၅ ခုနှစ် ပုဂံ
Read more
၁၈၅၅ ခုနှစ်က အာနန္ဒာ စေတီ
Read more
၁၈၆၃ ခုနှစ် ဘုရားလမ်း
Read more
၁၈၆၅ ခုနှစ် ဝန်းကျင်က အမည်မသိ အရာထမ်းကြီးတစ်ဦး
Read more
သီပေါမင်း၏ စာသင်ကျောင်း
Read more
၁၈၇၀ ပြည့်နှစ်ဝန်းကျင် ဗြိတိန်နိုင်ငံ၊ ကွန်းဝေါမြို့တွင် ရိုက်ကူးထားသည့် အမည်မသိ မြန်မာအမျိုးသားတစ်ဦး
Read more
၁၈၇၅ ခုနှစ်ဝန်းကျင် မင်းတုန်းမင်းလက်ထက် မန္တလေး
Read more
၁၈၇၅ ခုနှစ်တွင် ရိုက်ကူးခဲ့သော အမည်မသိ မြန်မာလုလင်တစ်ဦး
Read more
၁၈၇၅ ခုနှစ်ဝန်းကျင်က စကော့တလန်ရောက် မြန်မာခရီးသွား
Read more
၁၈၇၅ ခုနှစ်ဝန်းကျင်က အမည်မသိ မြန်မာလုလင်ငယ်တစ်ဦး
Read more
သီပေါမင်း၏ တိုက်ပုံအင်္ကျီ
Read more
၁၉၁၀ ပြည့်နှစ်ဝန်းကျင်က လင်းပင်မင်းသားနှင့် သူ၏မိသားစုကို အလာလာဘတ်ရှိ လင်းပင်အိမ်တော်တွင် တွေ့ရစဉ်
Read more
သီပေါမင်း၏ အမည်မသိ ဝန်ကြီးတစ်ပါး
Read more
၁၈၈၂ ခုနှစ်က မန္တလေး
Read more
၁၈၈၅ ခုနှစ်က မန္တလေးနန်းတော်
Read more
ဘုရင့်သက်တော်စောင့်များ
Read more
၁၈၈၅ ခုနှစ်က မန္တလေး
Read more
၁၈၈၅ ခုနှစ် ဒီဇင်ဘာလက မန္တလေးမြို့မှ ဆေးလိပ်သမများ
Read more
ရွှေတိဂုံစေတီတော်၏ ပထမဆုံး အနီးကပ်ဓာတ်ပုံ
Read more
၁၈၈၅ ခုနှစ်ဝန်းကျင်က မြန်မာငွေပန်းထိမ်ဆရာများ
Read more
ရှေးခေတ်က တရားစီရင်ရေးစနစ်
Read more